ဇာတ်ကားများ ရွေးရန်

With Hasan in Gaza

2026ဇာတ်ကားအမှတ် 9.0/10106 မိနစ်

With Hasan in Gaza (2026) IMDb Rating (6.7) / Rotten Tomatoes (100%) ဒီမှတ်တမ်းတင်ရုပ်ရှင်ဟာ စစ်ပွဲရဲ့ နိုင်ငံရေးနောက်ခံတွေကို အသားမပေးဘဲ ရုန်းကန်လှုပ်ရှားမှုတွေ ကြုံတွေ့နေရတဲ့ ဂါဇာကမ်းမြောင်ဒေသ (Gaza Strip) က ကလေးငယ်တွေရဲ့ လက်တွေ့ဘဝ ရှင်သန်မှုကို အနီးကပ် မှတ်တမ်းတင်ထားတဲ့ Independent Documentary ကားကောင်းတစ်ကား ဖြစ်ပြီး ကမ္ဘာ့နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တချို့ မှာပါ ပြသခွင့်ရရှိခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကဏ္ဍတွေအတွက် အသိအမှတ်ပြုခြင်း ခံခဲ့ရပါတယ်။ ဒီရုပ်ရှင်ဟာ ဂါဇာဒေသမှာ နေထိုင်တဲ့ ကလေးငယ်လေး Hasan ရဲ့ နေ့စဉ်ဘဝ ရှင်သန်လှုပ်ရှားမှုတွေကို အနီးကပ် လိုက်လံရိုက်ကူးထားတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ အန္တရာယ်တွေ၊ အပျက်အစီးတွေနဲ့ အစားအစာ၊ ရေ ရရှိဖို့ ခက်ခဲလှတဲ့ စစ်ဘေးဒုက္ခသည်စခန်း ဝန်းကျင်မှာ ကြီးပြင်းနေရပေမဲ့... ဟာဆန်ဟာ ကလေးသဘာဝအတိုင်း ဆော့ကစားဖို့ ကြိုးစားခြင်း၊ မိသားစုကို ကူညီခြင်းနဲ့ မျှော်လင့်ချက်တွေကို ဘယ်လိုမျိုး ဆုပ်ကိုင်ထားလဲဆိုတာကို ရိုက်ပြထားပါတယ်။ ကင်မရာနောက်ကွယ်က ရုပ်ရှင်ဖန်တီးသူတွေဟာ ဟာဆန်နဲ့အတူ ဖြတ်သန်းရင်း...စစ်ပွဲတွေရဲ့ ရိုက်ခတ်မှုကို အပြစ်မဲ့တဲ့ ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ဘဝတွေက ဘယ်လောက်အထိ ခါးစည်းခံနေရသလဲ" ဆိုတာကို ကမ္ဘာကသိအောင် မီးမောင်းထိုးပြသွားပါတယ်။ File size… (2.8 GB) / (1.8 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Documentary,War Duration…. 01:46:39 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း