ဇာတ်ကားများ ရွေးရန်

Pemuja

2026ဇာတ်ကားအမှတ် 5.2/1092 မိနစ်

Pemuja (2026) အာရှ horror လောကမှာ နာမည်ကြီးတဲ့ မလေးရှားစုန်းတွေအကြောင်းကိုရိုက်ပြထားတဲ့ Supernatural Horror ကားကောင်းတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းကတော့ အပြင်ပန်းကြည့်ရင် အရမ်းကို အောင်မြင်ပြီး ပြီးပြည့်စုံတဲ့ ဘဝကို ပိုင်ဆိုင်ထားကြတဲ့ လင်မယားနှစ်ဦးဖြစ်သူ Qistina နဲ့ Aqil တို့အကြောင်းကနေ စတင်ထားပါတယ်။ Qistina ဟာ နာမည်ကျော် ကလေးပုံပြင်စာအုပ် စာရေးဆရာမတစ်ဦးဖြစ်ပြီး၊ Aqil ကတော့ သူ့ရဲ့ နည်းပညာ Start-up ကုမ္ပဏီကို အောင်မြင်အောင် ကြိုးစားတည်ဆောက်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် လူငယ်တစ်ဦး ဖြစ်ပါတယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့ ငွေကြေးအကျပ်အတည်းတွေ ဆက်တိုက်ကြုံတွေ့လာရတဲ့အပြင်... မိသားစုတွင်း အဖြစ်ဆိုးတစ်ခုကြောင့် သူတို့လင်မယားနှစ်ယောက်ဟာ မြို့ပြကဘဝကို စွန့်ခွာပြီး Qistina ရဲ့ ကွယ်လွန်သူဖခင် ချန်ထားခဲ့တဲ့ တောရွာက ဘိုးဘွားပိုင် အိမ်ဟောင်းကြီး ဆီကို သူတို့ရဲ့ သမီးငယ်လေး Laila နဲ့အတူ မလွဲမရှောင်သာ ပြောင်းရွှေ့နေထိုင်ဖို့ ရွေးချယ်လိုက်ရပါတော့တယ်။ အစပိုင်းမှာတော့ အရာအားလုံးက အေးအေးချမ်းချမ်း ရှိနေသလို ထင်ရပေမဲ့... အိမ်ကြီးရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေ၊ ဖခင်ဖြစ်သူရဲ့ အတိတ်က အောက်လမ်းစုန်းကိုးကွယ်မှုတွေက တဖြည်းဖြည်းချင်း ပေါ်လာပါတော့တယ်။ အိမ်ကြီးထဲမှာ ထူးဆန်းတဲ့ သဘာဝလွန် ဖြစ်ရပ်တွေ ခြောက်လှန့်လာချိန်မှာ... သူတို့မိသားစုဟာ ဘဝကို ပြန်လည်တည်ဆောက်နိုင်မလား၊ ဒါမှမဟုတ် အိမ်ကြီးရဲ့ ဝါးမြိုခြင်းကိုပဲ ခံရမလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့် ကားမျိုး ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း