ဇာတ်ကားများ ရွေးရန်

Hokum

2026ဇာတ်ကားအမှတ် 6.9/10107 မိနစ်4K

Hokum (2026) 4K HEVC +++++++ ဒီတစ်ခါတော့ သွေးပျက်စရာကောင်းတဲ့ Hokum ဆိုတဲ့ Horror ကားသစ်လေးကို တင်ပေးထားပါတယ်။ Caveat နဲ့ Oddity ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Damian McCarthy ရဲ့ လက်ရာအသစ်ဖြစ်ပြီး သရုပ်ဆောင် Adam Scott က ခေါင်းဆောင်ပါဝင်ထားပါတယ်။ ဘတ်ဂျက် ၅ သန်းတည်းနဲ့ ရိုက်ထားပေမဲ့ ရုံတင်ငွေ ၂၄ သန်းအထိ ပြန်ရထားတဲ့ ဇာတ်ကားကောင်းလေးပါ။ ဇာတ်လမ်းအကျဉ်း ++++++++++++ Ohm Bauman ဟာ အောင်မြင်တဲ့ စာရေးဆရာတစ်ယောက်ဖြစ်ပေမဲ့ သူရေးလက်စ စာအုပ်ကို အဆုံးသတ်ဖို့ ခက်ခဲနေတဲ့သူပါ။ သူ့မိဘတွေ ကွယ်လွန်သွားပြီးနောက်မှာတော့ မိဘတွေရဲ့ အရိုးပြာကို ကြဲဖို့ အိုင်ယာလန်တောပိုင်းက ဟိုတယ်လေးတစ်ခုဆီ သူ ထွက်လာခဲ့ပါတယ်။ အဲဒီဟိုတယ်က သူ့မိဘတွေ ဟန်းနီးမွန်းထွက်ခဲ့တဲ့ နေရာလေးပေါ့။ ဟိုတယ်ရောက်တော့ အဲဒီမှာ ဝင်ခွင့်ပိတ်ထားတဲ့ ဟန်းနီးမွန်းအခန်းတစ်ခန်း ရှိနေတာကို တွေ့ရပါတယ်။ ဒေသခံတွေရဲ့ အပြောအရ အဲဒီအခန်းထဲမှာ ကလေးတွေကို ဖမ်းခေါ်တတ်တဲ့ နှစ် ၄၀၀ သက်တမ်းရှိ စုန်းမကြီးတစ်ကောင် ပိတ်လှောင်ခံထားရတယ်လို့ ဆိုကြတယ်။ ဟိုတယ်က ဘားတန်းစောင့်တဲ့ မိန်းကလေး ရုတ်တရက် ပျောက်ဆုံးသွားတဲ့အခါမှာတော့ Ohm တစ်ယောက် အဲဒီလျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ ကြိုးစားပါတော့တယ်။ Ohm တစ်ယောက် ဝင်ခွင့်ပိတ်ထားတဲ့ ဟန်းနီးမွန်းအခန်းထဲကို ဝင်သွားတဲ့အခါ ဘယ်လို ကြောက်မက်ဖွယ်ရာတွေနဲ့ ရင်ဆိုင်ရမလဲ... လျှို့ဝှက်ဆန်းကြယ်တဲ့ အဖြစ်အပျက်တွေရဲ့ နောက်ကွယ်က လူသတ်သမားက ဘယ်သူလဲ ဆိုတာတွေကို သည်းထိတ်ရင်ဖို ကြည့်ရှုရမှာပါ။ ဒီကားက ဇာတ်လမ်းသွား တဖြည်းဖြည်းနဲ့ ကြောက်ဖို့ကောင်းလာတဲ့အပြင် လန့်စရာအခန်းတွေ (Jump scares) လည်း တော်တော်များများ ပါဝင်ပါတယ်။ သရဲကား၊ စုန်းကား ကြိုက်တဲ့သူတွေအတွက် ညဘက် မီးမှိတ်ပြီး ကြည့်ဖို့ အကြံပေးချင်တဲ့ ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ File Size… (4.06GB) /(870MB) / (556MB) Quality… WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration…1h 47m Genre ….Horror , Thriller Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း