The Megalomaniacs
The Megalomaniacs (2025) ရှေးဟောင်းရွှံ့အိုးတွေထဲမှာ အတိတ်က အသံလှိုင်းတွေ မြှုပ်နှံကျန်ရစ်ခဲ့နိုင်မလား" ဆိုတဲ့ ဆန်းပြားတဲ့ ဒဏ္ဍာရီဆန်ဆန် Concept တစ်ခုကို အနုပညာမြောက်စွာ ရိုက်ပြထားတဲ့ Psychological Drama ဇာတ်လမ်းဖြစ်ပါတယ် ဇာတ်လမ်းကတော့ ဆန်းသစ်ပြီး ထူးခြားလှတဲ့ သီအိုရီတစ်ခုကို အပူတပြင်း သက်သေပြချင်နေတဲ့ ရှေးဟောင်းသုတေသနပညာရှင် အမျိုးသမီး Sofia အကြောင်းကနေ စတင်ထားပါတယ်။ သူမဟာ— "လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီက ရှေးဟောင်းရွှံ့အိုးတွေ ကို စက်ဝိုင်းပုံစံ လှည့်ပတ်ပြီး ပုံဖော်ထုလုပ်ခဲ့စဉ်တုန်းက... အဲဒီခေတ်က ပတ်ဝန်းကျင်မှာ ထွက်ပေါ်ခဲ့တဲ့ အသံလှိုင်းတွေ၊ စကားပြောသံတွေဟာ ရွှံ့စေးတွေပေါ်မှာ ဓာတ်ပြား (Vinyl Record) တွေလိုမျိုး တိတ်တဆိတ် မှတ်တမ်းတင်ကျန်ရစ်ခဲ့နိုင်တယ်" လို့ အခိုင်အမာ ယုံကြည်နေသူ ဖြစ်ပါတယ်။ ဒီသီအိုရီကို လက်တွေ့စမ်းသပ်ဖို့အတွက် ဆိုဖီယာဟာ လူသူဝေးလံပြီး ဆိတ်ငြိမ်လှတဲ့ ဂရိကျွန်းငယ်လေးတစ်ကျွန်းဆီ ခရီးထွက်လာခဲ့ပါတယ်။ အဲဒီမှာ သူမဟာ သူမရဲ့ စမ်းသပ်ချက်ကို ကူညီပေးနိုင်ပေမယ့်... လက်ပေါက်ကပ်ပြီး ပြောဆိုဆက်ဆံရခက်တဲ့ အိုးထိန်းသည် အနုပညာရှင်ကြီး Potter နဲ့ ဆုံတွေ့ပါတော့တယ်။ ပေါ့တာကတော့ ဆိုဖီယာရဲ့ အတွေးအခေါ်ကို လုံးဝသံသယဝင်ပြီး ရူးသွပ်မှုတစ်ခုလို့ပဲ မြင်ပါတယ်။ မိမိကိုယ်ကိုယ် ပါရမီရှင်တွေလို့ သတ်မှတ်ထားကြတဲ့ အစွန်းရောက်ပညာရှင်နှစ်ဦးကြားက အယူအဆ အားပြိုင်မှုတွေ၊ ကျွန်းကလေးရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ပတ်ဝန်းကျင်တွေကြားထဲမှာ... သူတို့နှစ်ဦးဟာ တကယ်ပဲ အတိတ်က သမိုင်းဝင်အသံတွေကို ပြန်လည်ဖော်ထုတ်နိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ် ရိုက်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း