The Awful Truth
The Awful Truth (1937) IMDB : 7.6 Genre : Romance / Comedy Romance / Comedy ရယ်လို့မဖြစ်လာခင်မှာ Rom / Com ရုပ်ရှင်တွေကို Screwball Comedy ဆိုပြီးခေါ်ခဲ့ကြတယ်။ Screwball Comedy (Rom/Com) တွေရဲ့ ဘိုးအေကြီးတွေထဲမှာ The Awful Truth ကလည်း တော်တော်လေးကိုနာမည်ကြီးလှပါတယ်။ မင်းသားကလည်း စွယ်စုံရ Gary Grant ဆိုတော့ သရုပ်ဆောင်ကပြောစရာမလိုပါဘူး။ Rom/Com ဆိုပေမဲ့ အထင်တော့မသေးလိုက်ပါနဲ့။ Oscar 6 ဆု ဇကာတင်ရခဲ့ပြီး အကောင်းဆုံး ဒါရိုက်တာ တစ်ခုကိုရယူနိုင်ခဲ့ပါတယ်။ ဆိုတော့ သာမန် ဟာသ-ရိုမန့်ဇာတ်လမ်းထက် ခေတ်တစ်ခေတ်ကိုဖောက်ခဲ့တဲ့ ရုပ်ရှင်တစ်ခုလည်းဖြစ်ပါတယ်။ ပြောရရင် ကြည့်ကိုကြည့်သင့်ပါတယ်။ Classic ကြိုက်တဲ့လူတွေဆိုရင်တော့ ပြောစရာကိုမလိုတော့ပါဘူး။ ဇာတ်ညွှန်း ဂျယ်ရီနဲ့ လူစီက လင်မယားပါ။ အချစ်ရယ်လို့ဖြစ်လာရင် သဝန်တို အူတိုတာလေးတွေက ကပ်ပါလာစမြဲပါ။ တော်ရုံဆိုကောင်းပေမဲ့ တကယ်တမ်း အူတိုတာကနေ အူပြတ်တဲ့အထိဖြစ်လာရင်တော့ တော်တော်လေးကို ဂွကျလာပါလိမ့်မယ်။ ဇာတ်လမ်းစစချင်းမှာ ဂျယ်ရီက သူမထွက်ခဲ့တဲ့ ခရီးတစ်ခုကိုထွက်ခဲ့ပါတယ်ဆိုပြီး သက်သေပြဖို့ အသားကိုညိုအောင်လုပ်နေပါတယ်။ ဒါပေမဲ့ အိမ်ပြန်ရောက်လာတဲ့အခါမှာ ချစ်ဇနီးလေး လူစီက သူ့သီချင်းဆရာနဲ့ တောထဲမှာ နှစ်ယောက်တည်းကားပျက်ပြီး တစ်ညလောက်အချိန်ကုန်လာတာကို သိလိုက်ရတော့ “ရည်းစားလူလု၊ ရွှေဥကြမ်းညှပ်” ဆိုသလိုပဲ ဆွေ့ဆွေ့ခုန်ကာ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ချပါတော့တယ်။ ခက်တာက လူစီကလည်း မိန်းမတို့တတ်အပ်နဲ့ ပညာရပ်ကြီး ၈၉၀ ထဲက ထိုးထွင်းသိမြင်ခြင်း အမြင်နဲ့ တချက်ကြည့်လိုက်တော့ ဂျယ်ရီခရီးမသွားတာကို သိသွားပါတယ်။ ဆိုတော့ နှစ်ဦးသား ဘာမှမဟုတ်တာလေးကနေပြီး ကွာကျရှင်းကျတဲ့အထိကိုဖြစ်သွားပါတော့တယ်။ ဒီလိုနဲ့ နင့်ကိုငါမေ့နိုင်နေပြီဆိုပြီး သက်သေပြဖို့ကြိုးစားကြရင်း… ခံစားကြည့်လိုက်ကြပါ။ File size… 2 GB / 1 GB Quality… BluRay 1080P / 720P Format… mp4 Duration…. 1 h 40 m Genre ..... Romance / Comedy Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း