ဇာတ်ကားများ ရွေးရန်

The Holy Grill (aka) Extrawurst

2026ဇာတ်ကားအမှတ် 6.6/1098 မိနစ်

The Holy Grill (2026) IMDb Rating (6.4) ဂျာမနီနိုင်ငံရဲ့ နာမည်ကြီး ဟာသပြဇာတ်ကြီးကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားပြီး... ယဉ်ကျေးမှုမတူညီမှုတွေ၊ ဘာသာရေးအမြင်တွေနဲ့ အသိုက်အဝန်းတစ်ခုကြားက အားပြိုင်မှုတွေကို တင်းနစ်ကလပ်လေးတစ်ခုကို အခြေခံကာ သရော်ထားတဲ့ Social Satire / Comedy ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အေးအေးချမ်းချမ်းရှိလှတဲ့ တင်းနစ်ကလပ် လေးတစ်ခုရဲ့ အသင်းဝင်တွေ စုံညီအစည်းအဝေးပွဲကနေ စတင်ထားပါတယ်။ ကလပ်ရဲ့ ဥက္ကဋ္ဌကြီး Heribert ဦးဆောင်တဲ့ ဒီအစည်းအဝေးမှာ အားလုံးက ကလပ်အတွက် အသားကင်စက်အသစ်ဝယ်ဖို့ကို သဘောတူညီခဲ့ကြပါတယ်။ ဒါပေမဲ့ ပြဿနာက အသင်းဝင်တစ်ဦးကနေ ကလပ်မှာ တစ်ဦးတည်းသော မွတ်စလင်ဘာသာဝင်ဖြစ်တဲ့ အသင်းဝင် Erol အဆင်ပြေပြေ စားသုံးနိုင်ဖို့အတွက် ဝက်သားမကင်တဲ့ ဘာသာရေးအရ သီးသန့်အသားကင်စက်အိုးလေးတစ်လုံး သီးခြားဝယ်ပေးဖို့ အကြံပြုချက် တင်ပြလိုက်ရာကနေ စတင်ပါတော့တယ်။ ဒီလိုနဲ့ "အသားကင်စက် တစ်လုံးတည်းမှာပဲ ခွဲကင်မလား"၊ "အိုးအသစ် ထပ်ဝယ်ပေးရမလား" ဆိုတဲ့ အသေးအဖွဲကိစ္စလေးကနေ အသင်းဝင်တွေကြားထဲမှာ ဘာသာရေးအယူအဆတွေ၊ လူမျိုးရေးခွဲခြားမှုတွေ၊ နိုင်ငံရေးအမြင်တွေနဲ့ အတ္တတွေ ပေါက်ကွဲထွက်လာပြီး အချင်းချင်း အကြိတ်အနယ် စကားနိုင်လုကြပါတော့တယ်။ ဥက္ကဋ္ဌ Heribert ရဲ့ ထိန်းကျောင်းမှုအောက်မှာပဲ ဒီဆွေးနွေးပွဲဟာ တဖြည်းဖြည်း ဇာတ်ရှိန်တက်လာပြီး အေးချမ်းခဲ့တဲ့ ကလပ်လေးတစ်ခုလုံး ပြိုကွဲလုနီးပါးအထိ ဘယ်လိုမျိုး အလွဲလွဲအချော်ချော်တွေ ဖြစ်ကုန်မလဲဆိုတာကို သရော်ပြီး ရိုက်ပြထားပါတယ်။ File size… (1.8 GB) / (1 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama Duration…. 01:38:53 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း