Decibel
Decibel (2025) စကော့တ်ဟာ ဂီတကို အရူးအမူးစွဲလန်းသူတစ်ယောက်ဖြစ်ပြီး သီချင်းတွေနဲ့ပဲ အချိန်ကုန်လေ့ရှိပေမယ့် လက်တွေ့ဘ၀မှာတော့ အိမ်လခ မှန်မှန်မပေးနိုင်လောက်အောင် ငွေကြေးကျပ်တည်းနေပါတယ်။ ဒါတွေကိုဘ၀အတွက် သင်ခန်းစာတစ်ခုလို ကြံ့ကြံ့ခံနေခဲ့ပေမယ့် အခြေအနေအရပ်ရပ်ရဲ့တွန်းပို့မှုကြောင့် မီလျံနာအမျိုးသမီးတစ်ဦးရဲ့ကမ်းလှမ်းချက်နဲ့အတူ လူသူမနီးတဲ့ဒေသမှာရှိတဲ့ ဧက ၁၅၀ ကျော် Decibel စတူဒီယိုဝန်းကြီးဆီရောက်လာခဲ့ပါတယ်။ ပိုင်ဆိုင်သူက အပြောချိုသယောင်ရှိပေမယ့် စိတ်သဘောထားခက်ထန်တဲ့ ဒွန်နာဆိုတဲ့ ဘီလျံနာအမျိုးသမီးတစ်ဦးပါ။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ ကမ္ဘာပေါ်မှာ ဘယ်သူမှရှာမတွေ့သေးတဲ့ အသံလှိုင်းပုံစံအသစ်တစ်ခုကိုဖော်ထုတ်ပြီး နားဆင်သူရဲ့ဇီ၀ရစ်သမ်အပေါ်မူတည်ပြီး အလိုအလျောက်သီးသန့်ဖန်တီးပေးမယ့် AI ဂီတ အနာဂတ်ကမ္ဘာကြီးကိုတည်ဆောက်ဖို့ပါပဲ။ ဒွန်နာက စကော့တ်ရဲ့အသံပါရမီကို သဘောကျပေမယ့် စကော့တ်ဘက်ကတော့ AI နဲ့ဖန်တီးထားတဲ့ ဂီတဆိုတာဝိဉာဉ်မပါတဲ့ အတုအပတစ်ခုသက်သက်သာဖြစ်တယ်လို့ ပြတ်ပြတ်သားသားငြင်းဆန်ရာကနေ ပဋိပက္ခ တစ်ခုစတင်လာပါတော့တယ်။ Decibel ဟာ သာမန်ဂီတရုပ်ရှင်တစ်ကား မဟုတ်ဘဲ နည်းပညာက လူသားတွေရဲ့ စိတ်ခံစားချက်ကို ဘယ်လိုလွှမ်းမိုးချုပ်ကိုင်လာနိုင်လဲဆိုတာကို သည်းထိတ်ရင်ဖို ဖော်ပြထားတဲ့ Sci-Fi Psychological Horror ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်။ ဇာတ်ကားထဲမှာဖြစ်နေတဲ့ AI နဲ့လူကြားက ပဋိပက္ခ၊ အစစ်အမှန်နဲ့အတုအယောင်ဆိုတဲ့ အယူအဆ၊ ကွဲပြားနေတဲ့ခံယူချက်နဲ့ဒါကိုအခြေတည်ပြီးဖြစ်ပေါ်လာတဲ့ ပြဿနာတွေဟာ မျက်မှောက်ဘ၀မှာလည်း အားလုံးရင်ဆိုင်နေရတဲ့ပြဿနာတွေပါပဲ။ File size… (750 MB) / (310 MB) Quality…. WEB-Rip 1080p / 720p Format…. mp4 Genre…. Horror, Music, Sci-Fi, Thriller Duration…. 01:20:00 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း