ဇာတ်ကားများ ရွေးရန်

Sight Unseen

2026ဇာတ်ကားအမှတ် 5.5/1088 မိနစ်

Sight Unseen (2026) +++++++++++++ ဒပ်စတင်၊ အမ်မာ နဲ့ ဘက်သ် တို့ မောင်နှမသုံးယောက်က ဖခင်သေဆုံးပြီးနောက် ကျန်ခဲ့တဲ့ အမွေဆိုင် အိမ်နဲ့ခြံကြီးဆီကို စုပြီးထွက်လာခဲ့ကြပါတယ်။ မတွေ့တာကြာပြီဖြစ်တဲ့ မောင်နှမတွေလည်းဖြစ်တာကြောင့် စကားလေးတစ်ပြောပြောနဲ့ ခြံထဲကိုရောက် စားကြသောက်ကြရင်းနဲ့ အိမ်နဲ့ခြံအကြောင်းကို ဆွေးနွေးဖို့ ဖြစ်လာပါတော့တယ်။ သူတို့ရဲ့ အဖေက မဆုံးပါးခင်က သူတို့အမေနဲ့ မောင်နှမသုံးယောက်ကို ထားခဲ့တာမို့လို့ အကြီးဆုံးအစ်မကြီးဖြစ်တဲ့ အမ်မာကတော့ အိမ်နဲ့ခြံအပေါ် သံယောဇဥ်မရှိလှပါဘူး။ မောင်ဖြစ်သူ ဒပ်စတင်ကတော့ ဒီအိမ်နဲ့ ခြံကို ငှားစားပြီး စီးပွားရေးလုပ်ဖို့အတွက် စိတ်အားထက်သန်နေပါတယ်။ ဒီခြံကြီးက လူသူဝေးတဲ့ တောအုပ်လေးတစ်ခုထဲမှာ ရှိတဲ့အပြင် တိတ်ဆိတ်ပြီးတော့ ကြက်သီးထစရာဖြစ်နေတဲ့အတွက် အမ်မာကတော့ အမြန်ဆုံးရောင်းချပြီး ကိုယ်စီအိမ်ပြန်ဖို့ပဲ စိတ်အားထက်သန်နေပါတယ်။ မောင်နှမသုံးယောက်ကြားမှာ ဘယ်လိုအငြင်းအခုံတွေဖြစ်ကြမလဲ၊ ဒီခြံကြီးရဲ့ နောက်ကွယ်က ဇာတ်လမ်းက ဘယ်လိုရှိနေလဲ.. အဖေကရော ဘာလို့ ဒီခြံကြီးထဲမှာ မိသားစုကို စွန့်ပစ်ပြီး တစ်ယောက်တည်းလာနေရသလဲ၊ ဒီဇာတ်ကားလေးထဲမှာ ရှုစားရမှာဖြစ်ပါတယ်။ File Size… (809MB) / (497MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 28m Genre ….Horror, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း