ဇာတ်ကားများ ရွေးရန်

Lady in the Urn

2025ဇာတ်ကားအမှတ် 5.5/1068 မိနစ်

Lady in the Urn (2025) ++++++++++ ဒီကားကတော့ Psychological Horror နဲ့ Supernatural Thriller ကို ရောစပ်ထားတဲ့ သွေးပျက်စရာ အင်ဒီ (Indie) ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်လမ်းက ဘယ်လိုစလဲဆိုတော့ ရှာရွန် (Sharon) နဲ့ နစ်ဗ် (Niv) ဆိုတဲ့ ဇနီးမောင်နှံနှစ်ယောက်ဟာ ရှာရွန်ရဲ့ အမေဈာပနကနေ အိမ်ကို ပြန်လာကြပါတယ်။ အိမ်ပြန်လာတော့ ကွယ်လွန်သူ အမေဖြစ်သူရဲ့ အရိုးပြာအိုးကိုပါ အိမ်ကို တစ်ပါတည်း သယ်လာခဲ့ကြတာပေါ့။ ဒါပေမဲ့ အဲဒီအရိုးပြာအိုးကို အိမ်ထဲသယ်လာပြီး သိပ်မကြာခင်မှာပဲ သူတို့အိမ်မှာ မထင်မှတ်ထားတဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ဆက်တိုက်ဆိုသလို စဖြစ်လာတော့တယ်။ တစ်နေ့တော့ အိမ်နီးချင်းဖြစ်တဲ့ သောမတ်စ် (Thomas) က သူတို့လင်မယားအိမ်မှာမရှိတုန်း ပြတင်းပေါက်ကနေ ကြည့်လိုက်တဲ့အခါ အိမ်ထဲက ကုလားထိုင်ပေါ်မှာ လူတစ်ယောက် ထိုင်နေတာကို မြင်လိုက်ရတယ်ဆိုပြီး လာပြောတယ်။ နောက်ပိုင်းမှာတော့ အိမ်ထဲမှာ ရှင်းပြလို့မရတဲ့ အသံတွေကြားရတာ၊ ပစ္စည်းတွေ ရွေ့တာတွေအပြင် ရှာရွန်ကိုယ်တိုင်ကလည်း တဖြည်းဖြည်းနဲ့ ဂယောက်ဂယက်တွေ ဖြစ်လာတယ်။ ရှာရွန်က သူ့အမေရဲ့ ဝိညာဉ်က သူတို့နဲ့အတူ အိမ်ကို လိုက်လာတယ်လို့ အခိုင်အမာ ယုံကြည်နေပြီး အရိုးပြာတွေကို သွားကြဲဖို့ကိုလည်း လုံးဝ လက်မခံတော့ဘူး။ ဒါပေမဲ့ တကယ့်ပြဿနာက အဲဒီအရိုးပြာအိုးထဲမှာ ပါလာတာ သူ့အမေရဲ့ ဝိညာဉ်တစ်ခုတည်း မဟုတ်နေဘူး။ အဲဒီအရိုးပြာအိုးက မဖြေရှင်းရသေးတဲ့ လူသတ်မှုတစ်ခု၊ ကလဲ့စားချေချင်နေတဲ့ တခြား ဝိညာဉ်ဆိုးတစ်ခု၊ ပြီးတော့ အိမ်နီးချင်းတစ်ယောက်ရဲ့ သေရေးရှင်ရေး လျှို့ဝှက်ချက်တစ်ခုနဲ့ပါ သွားဆက်စပ်နေတာကို ထိတ်လန့်ဖွယ် တွေ့လာရပါတယ်။ ရှာရွန်ရဲ့ အခြေအနေတွေ အရမ်းဆိုးလာတဲ့အခါမှာတော့ ယောကျာ်းဖြစ်သူ နစ်ဗ်နဲ့ သူ့သူငယ်ချင်း အက်ရှ် (Ash) တို့က ဒါဟာ သာမန်မိသားစုဝိညာဉ် အိမ်ကိုလိုက်လာတာ မဟုတ်ဘူးဆိုတာကို ရိပ်မိသွားပြီး ဝိညာဉ်နှင်ထုတ်ဖို့ အယ်လီနာဆိုတဲ့ပယောဂဆရာမကို ငှားရမ်းပါတော့တယ်။ သူတို့တွေ ဒီဝိညာဉ်ဆိုးရဲ့ ရန်ကနေ ဘယ်လိုလွတ်မြောက်အောင် ရုန်းကန်မလဲဆိုတာကို ဆက်ကြည့်ရမယ့် ဇာတ်လမ်းလေးပါ။ ဒီကားလေးက ကြာချိန် မိနစ် ၇၀ မပြည့်တပြည့်လောက်ပဲရှိပြီး ဘတ်ဂျက်နည်းနည်းနဲ့ အိမ်တစ်လုံးတည်းမှာပဲ အများဆုံး ရိုက်ကူးထားတာပါ။ ရုတ်တရက်လန့်သွားစေမယ့် အခန်းတွေထက် စိတ်လှုပ်ရှားစရာ ကောင်းအောင် တဖြည်းဖြည်းချင်း ခြောက်လှန့်သွားတဲ့ (Slow-burning) ပုံစံမျိုး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ File Size… (793MB) / (367MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 8m Genre ….Horror Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း