ဇာတ်ကားများ ရွေးရန်

Badrinath Ki Dulhania

2017ဇာတ်ကားအမှတ် 6.4/10139 မိနစ်

ဘဒ်ရီနာသ်ဟာ ဂျန်ဆလ်မြို့က မြို့မျက်နှာဖုံး သူဌေးကြီး အမ်ဘာနသ် ဘန်ဆလ်ရဲ့သားပါ။ အဖေစီစဉ်ပေးသမျှကို ပြန်မပြောဘဲ နာခံလာခဲ့သူဖြစ်ပေမယ့် မိတ်ဆွေတစ်ယောက်ရဲ့ မင်္ဂလာပွဲမှာ ဗီဒဟီဆိုတဲ့ ကောင်မလေးကို တွေ့ပြီး တွေ့တွေ့ချင်း စိတ်ဝင်စားသွားပါတယ်။ ဇာတ်လမ်းထဲက လူ့အသိုင်းအဝိုင်းမှာ လက်ထပ်တဲ့အခါ သတို့သမီးဘက်က သတို့သားကို အခန်းဝင်လက်ဖွဲ့ကြေး ပေးရတယ်။ မိန်းကလေးက ဘယ်လောက်ပဲ ပညာတတ်ပြီး အရည်အချင်းရှိပါစေ အိမ်ထောင်ကျရင် အိမ်မှုကိစ္စတွေကိုပဲ တာဝန်ယူပြီး ခင်ပွန်းကို နာခံရမယ်ဆိုတဲ့ သဘောထားမျိုး ရှိနေပါတယ်။ အဲဒီလိုပတ်ဝန်းကျင်မှာ သူဌေးသားတစ်ယောက်ကို လက်ထပ်ဖို့ဆိုရင် လက်ဖွဲ့ကြေးကလည်း နည်းနိုင်ပါ့မလား။ ဗီဒဟီကတော့ အမျိုးသမီးတွေကို အခွင့်အရေးမပေးတဲ့ ဒီပတ်ဝန်းကျင်ကို မနှစ်သက်ဘဲ ကိုယ့်ဘဝကိုယ် ရပ်တည်နိုင်ဖို့ ကြိုးစားနေသူပါ။ အိမ်ထောင်ပြုဖို့ လုံးဝစိတ်မဝင်စားတဲ့ သူ့ကို ဘဒ်ရီက သတို့သမီးဖြစ်စေချင်နေပါတယ်။ Varun Dhawan နဲ့ Alia Bhatt တို့ သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားမှာ ဘဒ်ရီရဲ့ ဆန္ဒနဲ့ ဗီဒဟီရဲ့ ရည်မှန်းချက်ကြား ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကို ကြည်နူးစရာ၊ ဝမ်းနည်းစရာ၊ မခံမရပ်နိုင်စရာ အဖြစ်အပျက်တွေနဲ့ ဆက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း