Southerly
Southerly (2026) တစ်ကမ္ဘာလုံး ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ဆို့မှုတွေ ကြုံတွေ့ခဲ့ရတဲ့ ၂၀၂၀ ခုနှစ် ကာလနောက်ခံနဲ့အတူ... ဘဝရဲ့ လမ်းပျောက်ပြီး စိတ်ဓာတ်ကျနေရတဲ့ ဂီတပညာရှင်နှစ်ဦး ကျေးလက်ဒေသလေးတစ်ခုမှာ ဆုံတွေ့ကြရင်း ဂီတဖန်တီးမှုတွေကတစ်ဆင့် စိတ်ဒဏ်ရာတွေကို ကုစားပြီး ဘဝသစ်ကို ပြန်လည်စတင်ဖို့ ကြိုးစားကြပုံကို ရိုက်ကူးထားတဲ့ သြစတြေးလျ Musical Drama ရုပ်ရှင်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ၂၀၂၀ ခုနှစ် ကိုဗစ်ကပ်ရောဂါကာလ... မဲလ်ဘုန်းမြို့ကြီးရဲ့ တင်းကြပ်လှတဲ့ Lockdown ပိတ်ဆို့မှုတွေကြားထဲကနေ စိတ်ကျဉ်းကျပ်လို့ ထွက်ပြေးလာခဲ့တဲ့ အမျိုးသမီး ဂီတပညာရှင်လေး Ada အကြောင်းကနေ စတင်ထားပါတယ်။ သူမဟာ စိတ်အေးချမ်းမှု ရရှိဖို့အတွက် နယူးဆောက်ဝေးလ် ပြည်နယ်ရဲ့ ဆိတ်ငြိမ်လှတဲ့ ကျေးလက်တောရွာဒေသလေးဆီ ခရီးထွက်လာခဲ့ပါတယ်။ အဲဒီကျေးလက်မြေမှာ အေဒါဟာ ဘဝရဲ့ အလှည့်အပြောင်းတွေကြောင့် အနုပညာရော ဘဝပါ လမ်းပျောက်ပြီး စိတ်ဓာတ်ကျဆင်းနေတဲ့ အမျိုးသားဂီတသမားတစ်ဦးဖြစ်သူ Josh နဲ့ မထင်မှတ်ဘဲ ဆုံတွေ့ပါတော့တယ်။ အေဒါဟာ ဂျော့ရှ်ရဲ့ ရင်ထဲက ဝှက်ကွယ်ထားတဲ့ ဂီတပါရမီတွေကို ပြန်လည်မြင်တွေ့သွားပြီး... သူ့ရဲ့ ဂီတသံစဉ်တွေကို အတူတူ ပြန်လည်အသံသွင်း ဖို့အတွက် ဂျော့ရှ်ကို စည်းရုံးလှုံ့ဆော်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ဦး ပူးပေါင်းပြီး ဂီတတွေ ဖန်တီးရင်း... အတူတူ ဖြတ်သန်းလာရတဲ့ အချိန်တွေကတစ်ဆင့် သူတို့နှစ်ဦးလုံးရဲ့ အတိတ်က နာကျင်စရာ စိတ်ဒဏ်ရာတွေကို မျက်နှာချင်းဆိုင် ရင်ဆိုင်လာရပြီး ဘဝအတွက် အမှန်တကယ် လိုအပ်နေတဲ့ "ပြောင်းလဲမှုအသစ်" တွေကို ဘယ်လိုမျိုး အပြန်အလှန် ရှာဖွေသွားကြမလဲဆိုတာကို ရိုမန်တစ်ဆန်ဆန်နဲ့ စိတ်ကို ခွန်အားပေးမယ့် ပုံစံမျိုး ရိုက်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း