Crayon Shin-chan the Movie: Super Hot! The Spicy Kasukabe Dancers
Crayon Shin-chan the Movie Super Hot! The Spicy Kasukabe Dancers (2025) IMDB - 6.6/10 အပန်းလည်းပြေရသလို ရယ်လည်းရယ်မောရမယ့် Shin-chan တို့ရဲ့ ရုပ်ရှင်အသစ်လေး ထွက်ရှိလို့လာခဲ့ပါပြီ။ ကာဆူကာဘဲ ကာကွယ်ရေးတပ်ဖွဲ့ ဘယ်လိုတွေသောင်းကျန်းကြဦးမလဲ မြင်ရပါဦးမယ်။ ဒီဇာတ်ကားလေးထဲမှာတော့ Shin-chan တို့ မူကြိုကလေးတစ်သိုက် အုပ်စုလိုက်အကတွေ လေ့ကျင့်ပြီး အိန္ဒိယနိုင်ငံမှာ အကပြိုင်ပွဲ ဝင်ပြိုင်ဖို့ ဖြစ်လာပါတော့တယ်။ ဒီတော့ Shin-chan ရဲ့ မိဘတွေရယ် ကျောင်းအုပ်ကြီးရယ် ကလေးတစ်သိုက်ရယ် အိန္ဒိယနိုင်ငံ ရောက်လာပြီး ပြိုင်ပွဲပြိုင်ရမယ့်မြို့ကို သွားတော့မယ့်အချိန်မှာ ထုံးစံအတိုင်း Shin-chan နဲ့ သူ့ဘော်ဒါတစ်ကောင်က ရှေးဟောင်းပစ္စည်းဆိုင်ကနေ ထူးဆန်းတဲ့ နှာခေါင်းပုံသဏ္ဍာန်အိတ်ကြီးကို အောက်ကြေးနှိုက်ပြီး ဝယ်လာခဲ့ရာကနေ ပြဿနာတွေ တက်ပါတော့တယ်။ ဒီ ထူးဆန်းတဲ့အိတ်ကြီးမှာ ဘယ်လိုလျှို့ဝှက်ဆန်းကြယ် စွမ်းအားတွေရှိနေမလဲ နောက်ကလိုက်ရှာနေတဲ့ အိန္ဒိယလူကြီး ၂ ယောက်ကရော ဘာတွေလဲ နောက်ပြီး ပိုက်ဆံအာဏာပါဝါအပြင် နည်းပညာတွေကြွယ်ဝတဲ့ လူထူးလူဆန်းတစ်ယောက်ကလည်း လိုက်ရှာနေရာကနေ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်ဗျာ...။
ဇာတ်လမ်းအကြောင်း