ဇာတ်ကားများ ရွေးရန်

The Greek Aisle

2026ဇာတ်ကားအမှတ် 7.2/10

The Greek Aisle (2026) ဂရိနိုင်ငံရဲ့ အလှပဆုံး ပင်လယ်ကမ်းခြေကျွန်းစုတစ်ခုဖြစ်တဲ့ ကိုဖူးကျွန်း \ရဲ့ ရှုခင်းလှလှလေးတွေကို နောက်ခံထားပြီး. သူစိမ်းနှစ်ဦးကြားက ရိုမန်တစ်ဆန်ဆန် ဟာသဇာတ်လမ်းလေးကို ရိုက်ကူးထားတဲ့ အမေရိကန် Romantic Comedy (Rom-Com) ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဂျော်ဂျီယာ အမည်ရှိတဲ့ တက်ကြွလှပတဲ့ အမျိုးသမီးလေးတစ်ဦးအကြောင်းကနေ စတင်ထားပါတယ်။ တစ်နေ့မှာတော့ သူမဟာ ဘိုးဘွားပိုင် အမွေပစ္စည်းကိစ္စတွေကို အပြီးသတ် ဆောင်ရွက်ဖို့အတွက်ဂရိနိုင်ငံရဲ့ သမိုင်းဝင်ပြီး သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ "ကိုဖူးကျွန်း" ဆီကို ခရီးထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ သူမ ကျွန်းကို ရောက်ရှိသွားတဲ့အခါမှာတော့ လုံးဝမထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခုကို သိလိုက်ရပါတော့တယ်။ အဲဒါကတော့— အမွေကို ရရှိဖို့အတွက် အမွေပစ္စည်းတွေကို သူမတစ်ဦးတည်း ဆက်ခံခွင့်မရှိဘဲ... အမွေတူတူ ဆက်ခံခွင့်ရှိတဲ့ ဂရိမင်းသားနဲ့ မဖြစ်မနေ လက်ထပ်ရမယ်ဆိုတဲ့ ထူးဆန်းလှတဲ့ အမွေပေးသူရဲ့ ကတိကဝတ် စည်းကမ်းချက်ကြီးပဲ ဖြစ်ပါတယ်။ အစပိုင်းမှာ စရိုက်ချင်း၊ ယဉ်ကျေးမှုချင်း မတူညီတာကြောင့် တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေဘဲ ငြင်းခုံကြပေမဲ့... အမွေရဖို့အတွက် ဟန်ဆောင်လက်ထပ်ရင်း၊ ဂရိကျွန်းကလေးရဲ့ လှပတဲ့ ပတ်ဝန်းကျင်ကြားထဲမှာ တဖြည်းဖြည်းချင်း နှလုံးသားချင်း တကယ်ပဲ နီးစပ်သွားကြမလားဆိုတာကို ချစ်စရာကောင်းအောင် ရိုက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း