ဇာတ်ကားများ ရွေးရန်

Dinosaur Hunt

2026ဇာတ်ကား88 မိနစ်

"Dinosaur Hunt" ချမ်းသာကြွယ်ဝတဲ့ မိသားစုတစ်စုဟာ လူသူဝေးလံပြီး သီးသန့်ဆန်တဲ့ ကျွန်းအိမ်ကြီးတစ်ခုမှာ မိသားစုတွေ့ဆုံပွဲ လုပ်ဖို ရောက်ရှိလာကြပါတယ် ဒါပေမဲ့ သူတိုရောက်ရှိလာချိန်မှာတော့ အဖေ​ဖြစ်သူရဲ့ ထိတ်လန့်စရာ လျှိဝှက်ချက်တစ်ခုကို မမျှော်လင့်ဘဲ သိရှိသွားကြပါတယ် ​အဖေကြီးဟာ သူ့မှာစွဲကပ်နေတဲ့ ကုထုံးမရှိတော့တဲ့ အယ်လ်ဇိုင်းမားရောဂါကို ကုသနိုင်မယ့် ဆေးနည်းလမ်းကို ရှာဖွေဖိုအတွက် ကျွန်းပေါ်မှာ တရားမဝင် မျိုးရိုးဗီဇဆိုင်ရာ စမ်းသပ်မှုတွေလုပ်ပြီး သမိုင်းမတင်မီခေတ်က အသားစားဒိုင်နိုဆောတွေကို ပြန်လည်အသက်သွင်း မွေးမြူထားခဲ့တာပါ ​မကြာခင်မှာပဲ သူတိုစနစ်ကို ဟက်ခ်ခံရပြီး စနစ်ပျက်စီးသွားတဲ့အတွက် စမ်းသပ်ခန်းထဲက ဒိုင်နိုဆောတွေ လှောင်အိမ်ထဲကနေ လွတ်မြောက်သွားတဲ့အခါမှာတော့ တစ်ဦးနဲ့တစ်ဦး စိမ်းကားနေကြတဲ့ မိသားစုဝင်တွေဟာ အသက်ရှင်ကျန်ရစ်ဖိုအတွက် အတိတ်က အာဃာတတွေကို ဘေးဖယ်ထားပြီး တိုက်ခိုက်ကြရပါတော့တယ် ကျွန်းပတ်ပတ်လည်မှာ ပိတ်မိနေပြီး ထွက်ပြေးစရာနေရာမရှိတဲ့ အခြေအနေမှာ လူသားတွေက အမဲလိုက်ခံရသူတွေ ဖြစ်လာပြီး ရှေးဟောင်းသားရဲတိရစ္ဆာန်တွေနဲ့ ရင်ဆိုင်ရတဲ့ အသက်လုပွဲမှာ ဘယ်သူက အသက်ရှင်ကျန်ရစ်ခဲ့မလဲ.... သဘာဝကို လွန်ကဲစွာ ထိန်းချုပ်ဖို ကြိုးစားခြင်းရဲ့ အကျိုးဆက်အတွက် ဘာတွေပေးဆပ်ရမလဲဆိုတာ... ၂၀၂၆ ခုနှစ်ထွက် "Dinosaur Hunt"ဆိုတဲ့ သိပ္ပံစိတ်ကူးယဉ် သည်းထိတ်ရင်ဖိုဇာတ်ကားလေးမှာ ကြည့်ရှုရမှာဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း