ဇာတ်ကားများ ရွေးရန်

Welcome, Now Get Lost

2025ဇာတ်ကားအမှတ် 7.1/10115 မိနစ်

Welcome, Now Get Lost (2025) ဒီ Netflix က ထုတ်လွှင့်တင်ဆက်တဲ့ Variety Show ကတော့ ဂျပန်နိုင်ငံရဲ့ ထူးခြားဆန်းသစ်တဲ့ အိုင်ဒီယာစိန်ခေါ်ချက်တွေကို အခြေခံပြီး ဖန်တီးထားတဲ့ Reality Game Show တစ်ခု ဖြစ်ပါတယ်။ Higashino Koji နဲ့ Mori Kasumi တို့က အစီအစဉ်တင်ဆက်သူအနေနဲ့ပါဝင်ထားကြပြီး Kasamatsu Show ကတော့ ပုံမှန်အဖွဲ့ဝင်အဖြစ် ပါဝင်ထားပါတယ်။ Welcome, Now Get Lost ဆိုတဲ့အတိုင်း အိမ်ရှင်အဖြစ်ပါဝင်ရတဲ့ အဖွဲ့သားနဲ့ ဧည့်သည်တော်အဖြစ် ပါဝင်ရတဲ့ အဖွဲ့သားတွေနဲ့ တွေ့ဆုံစေပြီး မစ်ရှင်တွေ လုပ်ရမှာ ဖြစ်ပါတယ်။ ဒီရှိုးမှာတော့ လူရွှင်တော်တွေဖြစ်ကြတဲ့ ဧည့်သည်တော်တွေကို အဆဲတစ်လိုင်းရွာဆီ ခေါ်သွားခဲ့ပါတယ်။ ဧည့်သည်တွေဟာ ရွာသားတွေနဲ့ထိပ်တိုက်တွေ့ဆုံရကာ ရွာသားတွေ ပြောဆိုသမျှတွေကို သည်းခံလိုက် စိတ်ထိန်းရင်း ပြန်လည်ချေပလိုက်နဲ့ မစ်ရှင်တွေကို ပြီးမြောက်အောင် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ အညှာအတာကင်းမဲ့တဲ့ ရွာသားတွေနဲ့ မစ်ရှင်ကို ပြီးမြောက်အောင် လုပ်ဆောင်ကြမယ့် ဧည့်သည်တော်တွေ အမူအယာ၊ အပြောအဆိုတွေက ပရိသတ်တွေ ရင်ထဲက ဘဝအမောတွေကို ဘယ်လောက်ထိ ဖြေဖျောက်ပေးနိုင်မလဲဆိုတာ ရှုစားလိုက်ကြရအောင်ပါ။ (ရိုင်းစိုင်းတဲ့ စကားလုံး ပြက်လုံးများပါဝင်တာကြောင့် အသက်မပြည့်သူများ ကြည့်ရှုရန် မသင့်တော်ပါဘူး) File size…1.83GB / 811MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 54 min. Genre ….. Comedy, Variety Show Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း