ဇာတ်ကားများ ရွေးရန်

The Unhealer

2020ဇာတ်ကားအမှတ် 5.9/1094 မိနစ်

The Unhealer (2020) IMDb Rating (5.3) / Rotten Tomatoes (77%) ကယ်လီဆိုတဲ့လူငယ်လေးဟာ အစားအသောက်မူမမှန်တဲ့ရောဂါ(Pica)ကြောင့်ရော၊ သူ့ဘ၀ရဲ့နိမ့်ပါးမှု၊ လူကြောက်တတ်မှုတွေကြောင့်ပါ ကျောင်းမှာ အမြဲတမ်းနှိမ်ချခံနေရတဲ့ကောင်လေးတစ်ယောက်ပါ။ တစ်နေ့တော့ သူ့ရောဂါကိုကုသပေးဖို့ပျောက်စေဆရာယောင်ယောင် သမားတု တစ်ဦးဖြစ်တဲ့ ဖလူဂါရောက်ရှိလာပြီး သူ့ကိုကုသပေးချိန်မှာ အမှားအယွင်းတစ်ခုနဲ့ ဖလူဂါသေဆုံးသွားခဲ့ပြီး ကယ်လီဆီကိုတော့ထူးခြားတဲ့ သဘာ၀လွန်စွမ်းအားတစ်ခုကူးစက်ရရှိသွားပါတော့တယ်။ အဲ့ဒီစွမ်းအားကတော့ ဒဏ်ရာမရနိုင်တဲ့အစွမ်းဖြစ်ပြီး တစ်ဖက်လူက သူ့ကိုတိုက်ရိုက်ထိခိုက်နာကျင်အောင်လုပ်တာမှန်သမျှ ကယ်လီဆီကိုသက်ရောက်မှုမရှိပဲ ကျူးလွန်သူဆီကိုပဲတိုက်ရိုက်ပြန်လည်တုန့်ပြန်သွားတာပါ။ အဲ့ဒီလိုအချိန်မျိုးမှာမှ ကျောင်းက လူမိုက်အဖွဲ့ဟာ ကယ်လီစိတ်ကိုအစွန်းရောက်တွန်းပို့သလိုဖြစ်သွားစေမယ့်လုပ်ရပ်တစ်ခုကို မိုက်မိုက်မဲမဲကျူးလွန်လိုက်မိတဲ့အခါမှာတော့..။ ဒီဇာတ်ကားရဲ့အဓိက ဆွဲဆောင်မှုကတော့ ထူးခြားဆန်းသစ်တဲ့ စွမ်းအင်တည်ဆောက်ပုံဖြစ်ပြီး စူပါမန်းလိုခံနိုင်ရည်ရှိတာမဟုတ်ပဲ "ငါ့ကိုလာထိရင် မင်းပြန်ခံရမယ်"ဆိုတဲ့ ကာကွယ်ရေးစွမ်းအားကနေ အားပြိုင်မှုတွေမှာသွေးပျက်စရာလက်နက်တစ်ခုဖြစ်လာတာကို ပီပီပြင်ပြင်ပုံဖော်သွားခဲ့ပါတယ်။ Stephen king ရဲ့နာမည်ကြီး Carrie နဲ့ Firestarterတို့လို ကျောင်းမှာ အနိုင်ကျင့်ခံရတဲ့ဘ၀ကနေ သဘာ၀လွန်စွမ်းအားတွေရလာပြီး စိတ်ဒဏ်ရာတွေပေါက်ကွဲကာလက်စားချေတဲ့ဇာတ်လမ်းမျိုးကိုသဘောကျတဲ့ ပရိသတ်တွေအဖို့ ဒီဇာတ်ကားကလည်း သေချာပေါက်အကြိုက်တွေ့စေမယ့် ကားမျိုးပါ။ File size… (1.3 GB) / (820 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Fantasy,Horror,Thriller Duration…. 01:33:07 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း