ဇာတ်ကားများ ရွေးရန်

INERTIA

2025ဇာတ်ကားအမှတ် 4.3/1082 မိနစ်

INERTIA (2025) IMDb Rating (4.3) ဒီမစ်ထရီနဲ့ မာရီယာတို့ဟာ ဘားတစ်ခုမှာ ပထမဆုံးတွေ့ဆုံခဲ့ပြီး၊ တစ်ညတာ အတူဖြတ်သန်းခဲ့ပြီးနောက်မနက်မှာလမ်းခွဲခဲ့ကြပါတယ်။ ဒီမစ်ထရီက ပြန်လာမယ်လို့ ကတိပေးခဲ့ပေမယ့် ဘယ်တော့မှ ပြန်ရောက်မလာခဲ့ပဲမာရီယာဟာ အဲ့ဒီညက ရတဲ့ကိုယ်ဝန်နဲ့ ရိုမန်ဆိုတဲ့ သားလေးတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ အသက် ၁၄ နှစ်အရွယ်ရောက်ချိန်မှာတော့ ရိုမန်ဟာ ထူးခြားတဲ့ဖြစ်စဉ်တွေကြုံလာရပြီး စိတ်ဖိစီးမှုနဲ့စိတ်ခံစားချက်ပြင်းထန်ချိန်တွေမှာ ပတ်ဝန်းကျင်ကလူနဲ့အရာ၀တ္ထုတွေဟာ အချိန်ကာလလွဲချော်သွားတတ်ပြီးမတူညီတဲ့ အနာဂတ်ဖြစ်နိုင်ချေတွေကိုမြင်တွေ့ရတတ်ပါတယ်။ အဲ့ဒီလိုနဲ့ လင်နွန်ဆိုတဲ့‌ကောင်မလေးတစ်ယောက်နဲ့တွေ့ဆုံရင်းနှီးခဲ့ပြီးတဲ့နောက် သူတို့နှစ်ယောက်ဟာ ကမ္ဘာကြီးကိုရင်ဆိုင်စွန့်စားဖို့ မြို့ငယ်လေးကထွက်သွားဖို့ဆုံးဖြတ်လိုက်ချိန်မှာတော့ ထင်မှတ်မထားတဲ့ကြမ္မာဆိုးနဲ့ကြုံဖို့ဖြစ်လာပါတော့တယ်။ စိတ်ကူးထူးခြားပြီး အလားအလာအများကြီးရှိတဲ့ ဇာတ်ကားမျိုးဖြစ်သလို ဘတ်ဂျက်ထက်အများကြီးသာအောင် ရိုက်ပြသွားနိုင်တဲ့ Experimental film ကောင်းတစ်ကားဖြစ်ပါတယ်။ ပြချင်တာတွေများလွန်းနေတာ၊ ရိုမန်ရဲ့စွမ်းအားတွေကိုစနစ်တကျ မဖော်ပြနိုင်ခဲ့တာစတဲ့ အားနည်းချက်တစ်ချို့ရှိပေမယ့် အချိန်ပေးရကျိုးနပ်တဲ့ ကားမျိုးပါပဲ။ File size… (810 MB) / (550 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama,Romance,Science Fiction Duration…. 01:21:35 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း