Devil's Market
Devil's Market(2025) အင်ဒိုနီးရှားနိုင်ငံရဲ့ တောတောင်တွေထဲမှာ တကယ်ရှိတယ်လို့ ယုံကြည်ကြတဲ့ ဒဏ္ဍာရီလာ သရဲဈေး အကြောင်းကိုအခြေခံပြီး၊ တားမြစ်နယ်မြေကို သွားရောက်စိန်ခေါ်မိရာကနေ ကြုံတွေ့ရမယ့် ကံကြမ္မာဆိုးတွေကို ရိုက်ကူးထားတဲ့ အင်ဒိုနီးရှား Supernatural Horror ရုပ်ရှင်ကားဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ တောင်ပေါ်တောနက်ကြီးတွေထဲမှာ "Pasar Setan" (Devil's Market) လို့ခေါ်တဲ့ နယ်မြေတစ်ခု ရှိပါတယ်။ အဲဒီနေရာဟာ သာမန်လူတွေ မျက်စိနဲ့ မမြင်နိုင်တဲ့ နာနာဘာဝတွေ၊ မိစ္ဆာတွေ လာရောက်ရောင်းဝယ်ဖောက်ကားရာ လျှို့ဝှက်ဆန်းတဲ့ ဈေးကြီးတစ်ခုဖြစ်ပြီး... အဲဒီနေရာကို သွားရောက်လည်ပတ်မိသူတွေ သဲလွန်စမရှိ ပျောက်ဆုံးသွားတတ်တာ၊ အနီးအနား ပတ်ဝန်းကျင်မှာ ကြောက်မက်ဖွယ် သရဲခြောက်လှန့်မှုတွေကို ကြုံတွေ့ရတတ်တယ်ဆိုတဲ့ အမှောင်ဒဏ္ဍာရီတွေ သတင်းမွှေးနေတဲ့ နေရာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အွန်လိုင်းပေါ်မှာ Content ဆန်းဆန်းတွေ တင်ဆက်ပြီး နာမည်ကြီးချင်နေတဲ့ Vlogger လူငယ်အုပ်စုတစ်စုအကြောင်းကနေ စတင်ထားပါတယ်။ သူတို့ဟာ Content အလန်းစားရဖို့နဲ့ Viewers အများကြီးရဖို့အတွက်... လူသူအရောက်အပေါက်နည်းပြီး ဒဏ္ဍာရီတွေ ရှိနေတဲ့ အဆိုပါ တားမြစ်တောင်ပေါ်တောနက်ကြီးဆီကို သွားရောက်ပြီး လျှို့ဝှက်ချက်တွေကို စိန်ခေါ်စူးစမ်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သူတို့တစ်တွေ အဲဒီတောနက်ထဲ ရောက်ရှိသွားတဲ့အခါမှာတော့... အစပိုင်းမှာ သာမန်တောတောင်တစ်ခုလို ထင်ရပေမဲ့ ညဘက်ရောက်လာတာနဲ့အမျှ ပတ်ဝန်းကျင်တစ်ခုလုံး မြူနှင်းတွေ ဖုံးလွှမ်းသွားပြီး၊ ကြောက်စရာကောင်းလှတဲ့ သရဲဈေးကြီးရဲ့ အတွင်းပိုင်းထဲကို ဝင်ရောက်မိသွားပါတော့တယ်။ အာရုံခြောက်ခြားစရာ အသံတွေ၊ လူသားမဟုတ်တဲ့ မိစ္ဆာတွေရဲ့ ဝိုင်းရံပိတ်ဆို့မှုတွေကြားထဲမှာ... သူတို့အုပ်စု သွေးပျက်စရာတွေနဲ့ ရင်ဆိုင်ရပြီး၊ ဘယ်သူတွေကရော ဒီမိစ္ဆာဈေးကြီးထဲကနေ အသက်ရှင်လျက် ပြန်လည်လွတ်မြောက်လာနိုင်မလဲဆိုတာကို ကြည့်ရမယ့် အင်ဒိုနီးရှား horror ကားကောင်းတစ်ကားပါ
ဇာတ်လမ်းအကြောင်း