ဇာတ်ကားများ ရွေးရန်

Island of Death (aka) Ghost Island

2025ဇာတ်ကားအမှတ် 7.5/1095 မိနစ်

Ghost Island (2025) အင်ဒိုနီးရှားရုပ်ရှင်လောကမှာ ခေတ်အဆက်ဆက် နာမည်ကြီးခဲ့တဲ့ "Pulau Hantu" သရဲကျွန်း ရုပ်ရှင် Franchise ကို ခေတ်သစ်ပုံစံနဲ့ Reboot ပြန်လည်ရိုက်ကူးထားတဲ့ အင်ဒိုနီးရှား Supernatural Horror / Mystery ရုပ်ရှင်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အားလပ်ရက်မှာ ပင်လယ်ပြင်ဆီ သင်္ဘောစီးပြီး ပျော်ပျော်ပါးပါး ခရီးထွက်လာခဲ့ကြတဲ့ ဆယ်ကျော်သက် လူငယ်သူငယ်ချင်းတစ်စုအကြောင်းကနေ စတင်ထားပါတယ်။ ဒါပေမဲ့ သူတို့စီးလာတဲ့ သင်္ဘောပေါ်မှာ မထင်မှတ်ထားတဲ့ ဆိုးဝါးလှတဲ့ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက်... သူတို့အုပ်စုဟာ မြေပုံပေါ်မှာ လုံးဝမရှိတဲ့၊ ထူးဆန်းလှတဲ့ "ကျွန်းပျက်" တစ်ခုပေါ်ဆီ ရောက်ရှိပြီး သောင်တင်သွားပါတော့တယ်။ သူတို့တစ်တွေ အဲဒီကျွန်းပေါ် ရောက်သွားတဲ့အချိန်ကစပြီး... ထူခြားတဲ့ နည်းလမ်းမျိုးစုံနဲ့ ရက်စက်လှတဲ့ သဘာဝလွန်ဖြစ်ရပ်ကို ရင်ဆိုင်ရပါတော့တယ်။ ကျွန်းရဲ့နောက်ကွယ်ကနေ ထွက်ပေါ်လာတဲ့ အသက်အန္တရာယ် ပေးနိုင်တဲ့ ခြိမ်းခြောက်မှုတွေ၊ သရဲတစ္ဆေတွေရဲ့ ဝိုင်းရံပိတ်ဆို့မှုတွေကြောင့် သူတို့အုပ်စုဟာ တစ်ယောက်ပြီးတစ်ယောက် သွေးပျက်ကာ အခြေအနေတွေ ပိုမိုဆိုးဝါးလာပါတော့တယ်။ နောက်ဆုံးမှာတော့... သူတို့အုပ်စုထဲက သတ္တိရှိပြီး ထက်မြက်လှတဲ့ ဆယ်ကျော်သက် လူငယ်တစ်ယောက်ဟာ... ကျွန်းပေါ်က ကံကြမ္မာဆိုးကနေ လွတ်မြောက်ဖို့နဲ့ သူငယ်ချင်းတွေကို ကယ်တင်ဖို့အတွက် သေမင်းနဲ့ လောင်းကြေးထပ်ပြီး ထွက်ပေါက်ကို ဘယ်လိုမျိုး ရှာဖွေမလဲဆိုတာကို ရိုက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း