ဇာတ်ကားများ ရွေးရန်

Dosa Musyrik

2025ဇာတ်ကားအမှတ် 4.5/1092 မိနစ်

Dosa Musyrik (2024) အင်ဒိုနီးရှား သရဲကားတွေရဲ့ ထုံးစံအတိုင်း... အစ္စလာမ်ဘာသာရေး ရှုထောင့်ကနေ တားမြစ်ထားတဲ့ "မိစ္ဆာတွေကို ကိုးကွယ်ခြင်း၊ ကဝေအတတ်နဲ့ အောက်လမ်းနည်းလမ်းတွေ သုံးစွဲခြင်း" ရဲ့ ဆိုးကျိုးတွေကို ဘာသာရေးနောက်ခံနဲ့ ထိထိမိမိ ရိုက်ပြထားလို့ ပရိသတ်တွေအတွက် အထူးအကြိုက်တွေ့စေမှာပါ။ ဇာတ်လမ်းကတော့ အကြွေးတွေ အဆမတန် ဝိုင်းဝိုင်းလည်နေပြီး အသည်းအသန် ငွေလိုနေတဲ့ Nugie ဆိုတဲ့ လူငယ်တစ်ယောက်အကြောင်းကနေ စတင်ထားပါတယ်။ သူ့မှာ ရောဂါဝေဒနာကို အပြင်းအထန် ခံစားနေရပြီး ကာလရှည်ကြာ အိပ်ရာထဲလဲနေတဲ့ မိခင်အိုကြီးလည်း ရှိနေတာကြောင့် စိတ်သောကတွေရောက်နေသူဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ နူဂီဟာ သူ့အမေရဲ့ ရောဂါကို ကုသပေးနိုင်ဖို့နဲ့ လမ်းစရှာဖို့အတွက် ကျေးရွာတွေကြားမှာ တန်ခိုးကြီးတယ်လို့ နာမည်ကြီးတဲ့ စုန်းကဝေ၊ အောက်လမ်းဆရာကြီး Mbah Narto ဆီကို သွားရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အောက်လမ်းဆရာကြီးရဲ့ အိမ်ကို ရောက်တဲ့အခါမှာတော့ နူဂီဟာ ဆရာကြီးရဲ့ စည်းစိမ်ဥစ္စာတွေကို မြင်ပြီး လောဘဇော တက်လာပါတော့တယ်။ သူဟာ ဆရာကြီးဆီကနေ ငွေတွေကို ခိုးယူဖို့ ကြိုးစားခဲ့ပေမဲ့ အခွင့်မသာဘဲ... ဆရာကြီးရဲ့ သဘာဝလွန်လျှို့ဝှက် ဓားမြှောင်ကျောက်ရုပ်ကို ခိုးယူပြီး ပြန်လည်ရောင်းချဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ အဲဒီလို ခိုးယူမိလိုက်တာဟာ ဘာသာရေးအရ ကြီးမားတဲ့ အပြစ်ကို ကျူးလွန်မိသလို ဖြစ်သွားပြီး... အဲ့ဒီရှေးဟောင်းဓားမြှောင်ထဲမှာ ရာစုနှစ်ချီ ပိတ်လှောင်ခံထားရတဲ့ မိစ္ဆာနတ်ဆိုး "Ni Larapati" ကို မသိလိုက်ဘဲ လွတ်မြောက်သွားစေခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး နူဂီရဲ့ ဘဝထဲကို သွေးပျက်စရာ ကောင်းလှတဲ့ သဘာဝလွန် ခြောက်လှန့်မှုတွေ အစီအရီ ရောက်ရှိလာပါတော့တယ်။ ပိုပြီးဆိုးဝါးတာကတော့ နူဂီတစ်ယောက်တည်း ခြောက်လှန့်ခံရရုံတင်မကဘဲ... သူ့ရဲ့ မိသားစုနဲ့ သူ့ပတ်ဝန်းကျင်က အပြစ်မဲ့လူတွေပါ တစ်ယောက်ပြီးတစ်ယောက် သွေးပျက်စရာ ကောင်းလောက်အောင် အသက်ဆုံးရှုံးရပါတော့တယ်။ နူဂီတစ်ယောက် ဒီမိစ္ဆာမကြီးရဲ့ ရက်စက်လှတဲ့ ကျိန်စာတိုက်ပွဲကနေ ဘယ်လိုမျိုး ဘာသာရေး၊ တရားဓမ္မတွေနဲ့ ပြန်လည်တိုက်ဖျက်ပြီး အသက်ရှင်အောင် ရုန်းကန်မလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း