Maneater
လက်ထပ်ပွဲ ပျက်သွားတဲ့ ဂျက်စီကို စိတ်ပြေလက်ပျောက်ဖြစ်စေချင်လို့ သူငယ်ချင်းတွေက ဟန်းနီးမွန်းအစား ကမ်းခြေကို အဖွဲ့လိုက် ခရီးထွက်လာကြပါတယ်။ သူတို့ မသိထားတာက အဲဒီကမ်းခြေမှာ လွန်ခဲ့တဲ့တစ်ပတ်ကပဲ မိန်းကလေးတစ်ယောက် ငါးမန်းကိုက်ခံရပြီး သေဆုံးထားတဲ့အကြောင်းပါ။ ကျွန်းအာဏာပိုင်တွေက ဒီကိစ္စကို အလေးအနက်မထားဘဲ ငါးမန်းကို ရှာဖွေရှင်းလင်းဖို့လည်း မလုပ်ခဲ့ကြဘူး။ သေဆုံးသွားတဲ့ မိန်းကလေးရဲ့ဖခင်က ဝါရင့်မာလိန်မှူးတစ်ယောက်ဖြစ်ပြီး သမီးအတွက် လက်စားချေချင်နေပါတယ်။ ဂျက်စီတို့ရဲ့ အပန်းဖြေခရီးလည်း မျှော်လင့်သလို မဖြစ်လာတဲ့အခါ သူတို့ဟာ မာလိန်မှူးနဲ့ ပူးပေါင်းပြီး ငါးမန်းကို ပြန်ရင်ဆိုင်ကြရတယ်။ သွေးထွက်သံယို တိုက်ခိုက်မှုတွေကြားမှာ ဘယ်သူတွေ အသက်ရှင်ကျန်မလဲ၊ ခွန်အားကြီးတဲ့ ငါးမန်းကို လူတွေရဲ့ ဉာဏ်ရည်နဲ့ အနိုင်ယူနိုင်ပါ့မလား။
ဇာတ်လမ်းအကြောင်း