Saccharine
Saccharine (2026) IMDb Rating (6.0) / Rotten Tomatoes (70%) ဟာနာဟာ အဆင်မပြေတဲ့မိဘနှစ်ပါး၊ သူ့ရဲ့ခန္ဓာကိုယ်အလေးချိန်၊ အစရှိတာတွေအတွက်အမြဲစိတ်သောကရောက် စိတ်ဒဏ်ရာရနေတဲ့ ဆေးကျောင်းသူလေးတစ်ယောက်ပါ။ ဒါပေမယ့် အထက်တန်းကျောင်းနေဖက် သူငယ်ချင်းတစ်ယောက်နဲ့ပြန်ဆုံချိန်မှာတော့ ကျောင်းတုန်းက သူနဲ့အတူတူ၀ခဲ့ဖူးပေမယ့်အခုချိန်မှာ ကိုယ်ရေစစ်လှပနေတဲ့ သူငယ်ချင်းက သူ့လျှို့ဝှက်ချက်ကိုပြောပြခဲ့ပါတယ်။ အဲ့ဒါကတော့ ဝိတ်ချဆေးတစ်မျိုးဖြစ်ပြီး အဲ့ဒီဆေးကိုဓာတ်ခွဲစမ်းသပ်ကြည့်လိုက်တော့ လူ့အရိုးပြာတွေ ပါနေတာကို သိလိုက်ရပါတယ်။ ဒါပေမယ့် ဝိတ်ကျလိုစိတ်ပြင်းပြနေတဲ့ ဟာနာကတော့ သူတို့ပညာသင်ယူနေတဲ့အလောင်းတွေထဲကတစ်ခုရဲ့အစိတ်အပိုင်းတစ်ခုကိုပြာချပြီး စားခဲ့မိပါတယ်။ တကယ်လည်း အံ့ဩစရာကောင်းလိုက်အောင် ဝိတ်ကျလာခဲ့ပေမယ့် အဲ့ဒီပြာပိုင်ရှင်ရဲ့ တစ္ဆေက သူ့နောက်ကထပ်ချပ်မကွာလိုက်နေပြီး သူစားချင်သောက်ချင်တာတွေကိုဟာနားကို မှီတွယ်စားသုံးရင်းကနေ မစားပဲနေလိုက်ရင် လူကိုပါ ရန်ရှာတဲ့အထိဖြစ်လာချိန်မှာတော့..။ ဝိတ်ကျဆေးတွေခေတ်စားနေတဲ့ ကာလမှာ စိတ်ကူးကောင်းကောင်း၊ အမြင်သစ် ရှုထောင့်တစ်မျိုးကနေကွဲထွက်လာတဲ့ ဟော်ရာ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အထူးသဖြင့် တစ်ကားလုံးကိုအဓိကသရုပ်ဆောင်ဖြစ်တဲ့ Midori Francis က သူ့ရဲ့ထူးခြားပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေနဲ့ဆွဲခေါ်နိုင်ခဲ့ပြီး ဇာတ်ညွှန်းရဲ့အားနည်းချက်တစ်ချို့ကိုပါအပြည့်အ၀ဖုံးကွယ်ပေးနိုင်ခဲ့ပါတယ်။ ဝေဖန်ရေးဆရာတွေလည်း နှစ်သက်သဘောကျကြပြီး Sundance ရုပ်ရှင်ပွဲတော် ရဲ့ Midnight အစီအစဉ်မှာ ပွဲဦးထွက်ပြသခွင့် ရရှိခဲ့သလို၊ဘာလင်ရုပ်ရှင်ပွဲတော်ရဲ့ Teddy Award ဆုပေးပွဲမှာ ဒါရိုက်တာ Natalie Erika James က "အကောင်းဆုံး ရုပ်ရှင်ဆု" (Best Feature Film) အဖြစ် ဆုစကာတင် ရွေးချယ်ခံခဲ့ရပါတယ်။ ရွံရှာစရာ၊ခြောက်ခြားစရာ ပြကွက်တစ်ချို့နဲ့ဝတ်လစ်စလစ်ဇာတ်ဝင်ခန်းတစ်ချို့ကြောင့်မိသားစုနဲ့ကြည့်ဖို့အဆင်မပြေပါ။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) File size… (5.1 GB) / (1.1 GB) / (790 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 01:53:02 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း