ဇာတ်ကားများ ရွေးရန်

Black Holes Suck

2026ဇာတ်ကား

Black Holes Suck (2026) အာကာသ Sci-fi၊ Black Hole သီအိုရီတွေနဲ့ ဂြိုဟ်သားတွေအကြောင်းကို comedy ဆန်ဆန်ရိုက်ထားတဲ့ indie ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းကတော့ ကမ္ဘာကြီးကို ပြောင်းလဲတဲ့ စွမ်းအင်တွေ ထုတ်လုပ်ပေးနိုင်မယ့် ထူးခြားတဲ့ ဖော်မြူလာတစ်ခုကို မထင်မှတ်ဘဲ ရှာဖွေဖော်ထုတ်နိုင်ခဲ့တဲ့ "ကယ်လ်" (Cal) ဆိုတဲ့ ဉာဏ်ကြီးရှင် လူငယ်လေးတစ်ယောက်အကြောင်းကနေ စတင်ထားပါတယ်။ ကယ်လ်ဟာ ပါရမီရှင်တစ်ဦး ဖြစ်ပေမဲ့ အချစ်ရေးမှာတော့ အထီးကျန်နေသူတစ်ဦးပါ။ တစ်နေ့မှာတော့ ကယ်လ်ဟာ ကောင်မလေးတစ်ဦးနဲ့ Date ခွင့် ရရှိခဲ့လို့ အပျော်ကြီး ပျော်နေခဲ့ပါတယ်။ ဒါပေမဲ့ သူ မသိတာကတော့ အဲ့ဒီမိန်းကလေးဟာ ကမ္ဘာမြေပြင်က သာမန်လူသားတစ်ဦးမဟုတ်ဘဲ... စကြဝဠာထဲက ကြယ်တာရာတွေကို ဖျက်ဆီးပစ်ဖို့အတွက် သူ့ရဲ့ စွမ်းအင်ဖော်မြူလာကို အပိုင်ကြံချင်နေတဲ့ ဂြိုဟ်သားဖြစ်နေခြင်းပါပဲ။ မိမိရဲ့ ဖော်မြူလာကို စကြဝဠာကြီး ပျက်စီးအောင် အသုံးမချနိုင်စေဖို့အတွက် ကယ်လ်တစ်ယောက် ဆွဲဆောင်မှုရှိလှတဲ့ ဂြိုဟ်သားမလေးရဲ့ အချစ်ထောင်ချောက်၊ လှည့်ကွက်တွေကြားကနေ ဘယ်လိုမျိုး အက်ရှင် ဟာသကွက်တွေနဲ့ ကမ္ဘာကြီးနဲ့ စကြဝဠာကို ကယ်တင်မလဲဆိုတာကို ရိုက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း