ဇာတ်ကားများ ရွေးရန်

1: Nenokkadine

2014ဇာတ်ကားအမှတ် 6.2/10176 မိနစ်

မဟေရှ်ဘာဘူ သရုပ်ဆောင်ထားတဲ့ ရော့ခ်စတားတစ်ယောက်ဟာ အပြင်မှာ တကယ်မရှိတဲ့အရာတွေကို ရှိနေသလို မြင်ယောင်နေရသူပါ။ သူ့မိဘတွေကို လူသုံးယောက်က သတ်ခဲ့တယ်လို့ ယုံကြည်ထားပြီး အဲဒီလူတွေကို လိုက်သတ်တယ်။ ဒါပေမဲ့ သူလုပ်ခဲ့တယ်ဆိုတဲ့အရာတွေက တကယ်ဖြစ်ခဲ့တာမဟုတ်ဘဲ သူ့စိတ်ကူးထဲမှာပဲ ဖြစ်နေတာလို့ ပတ်ဝန်းကျင်က ပြောကြပါတယ်။ ငယ်ငယ်ကတည်းက မိဘမရှိဘဲ တစ်ယောက်တည်း ကြီးပြင်းလာခဲ့တာလို့ လူတွေက ပြောကြပေမယ့် သူကတော့ လက်မခံဘူး။ သူ့မှာ မိဘတွေရှိခဲ့ပြီး အသတ်ခံလိုက်ရတာဖြစ်လို့ သတ်သွားသူသုံးယောက်ကို လက်စားချေရမယ်လို့ပဲ စွဲစွဲမြဲမြဲ ယုံကြည်နေတယ်။ စိတ်ကူးနဲ့ လက်တွေ့ကို ခွဲမရတဲ့ သူ့အတွက် မိဘတွေအသတ်ခံခဲ့ရတယ်ဆိုတာ တကယ်ဖြစ်ခဲ့တာလား၊ မိဘတွေနဲ့ပတ်သက်တဲ့ သူ့အမှတ်ရမှုတွေကရော အမှန်ပဲလားဆိုတာ မေးခွန်းဖြစ်နေပါတယ်။ သူယုံကြည်ထားတဲ့အတိုင်း တကယ်ဖြစ်ခဲ့ရင်ရော လက်စားချေနိုင်ပါ့မလား။

ဇာတ်လမ်းအကြောင်း