ဇာတ်ကားများ ရွေးရန်

They Whisper

2025ဇာတ်ကားအမှတ် 5.5/1090 မိနစ်

They Whisper (2025) ဇာတ်လမ်းကတော့ လူသူကင်းမဲ့ပြီး စွန့်ပစ်ထားတဲ့ မြေအောက်တွင်းဟောင်းကြီးတစ်ခု ထဲကို မတော်တဆ ပြုတ်ကျသွားခဲ့တဲ့ ကောင်လေးအကြောင်းကနေ စတင်ထားပါတယ်။ ပြင်းထန်တဲ့ ထိခိုက်မှုတွေကြောင့် ကိုမာဝင်နေခဲ့တဲ့ ကောင်လေးဟာ မထင်မှတ်ဘဲ အသက်ဘေးကနေ အံ့ဩဖွယ်ရာ ပြန်လည်နိုးထလာပြီး အိမ်ကို ပြန်ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ကလေးအိမ်ပြန်ရောက်လာပြီးတဲ့နောက်မှာတော့ ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ သဘာဝလွန် ဖြစ်ရပ်တွေ၊ အမှောင်ထု ဝိညာဉ်ဆိုးတွေရဲ့ ခြောက်လှန့်မှုတွေကို မိသားစုဝင်တွေ ဆက်တိုက်ကြုံတွေ့လာရပါတော့တယ်။ ကလေးရဲ့ အပြုအမူတွေ၊ စကားပြောပုံတွေက တဖြည်းဖြည်း သွေးအေးခက်ထန်လာပြီး... ညဘက်တွေမှာ အမှောင်ထဲကနေ အသံပေးတာတွေကြားရတဲ့အခါ... မိဘတွေအတွက် သံသယနဲ့ ကြောက်ရွံ့မှုတွေဝင်လာပါတော့တယ်။ အဲဒါကတော့— "အခု သူတို့အိမ်ထဲမှာ ရှိနေတဲ့ ကလေးဟာ... သူတို့ရဲ့ သားအရင်း ဟုတ်ပါဦးမလား၊ ဒါမှမဟုတ် တွင်းဟောင်းကြီးထဲကနေ ဝိညာဉ်ဆိုးတစ်ခုခုက ပူးကပ်ပြီးဝင်ရောက်လာတာလား" ဆိုတဲ့ ပဟေဠိကို..အဖြေရှာရပါတော့တယ်

ဇာတ်လမ်းအကြောင်း