The Dinner (aka) La cena
The Dinner (2025) စပိန်ပြည်တွင်းစစ်ကြီးအပြီး အာဏာရှင်ဖရန်ကိုရဲ့ ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ... တစ်ဖက်ကလည်း အောင်ပွဲခံ ညစာစားပွဲကြီး ကျင်းပဖို့ ပြင်ဆင်နေပြီး၊ အခြားတစ်ဖက်မှာတော့ ဒဏ်ရာရစစ်သည်တွေနဲ့ ဆန့်ကျင်ရေး အောင်မြေအဖြစ် တိတ်တဆိတ် လှုပ်ရှားနေတဲ့ ဟိုတယ်တစ်ခုအတွင်းက သမိုင်းနောက်ခံ Thriller ရုပ်ရှင်ကားဖြစ်ပါတယ်။ ဇာတ်လမ်းနောက်ခံကတော့ ၁၉၃၉ ခုနှစ်... စပိန်ပြည်တွင်းစစ်ကြီး ပြီးဆုံးသွားခဲ့ပြီး နှစ်ပတ်အကြာ ကာလ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး ဖရန်ကိုဟာ သူ့ရဲ့ စစ်အောင်ပွဲကို ခမ်းနားကြီးကျယ်စွာ အောင်ပွဲခံဖို့အတွက် မြို့တော် မက်ဒရစ်ရှိ နာမည်ကျော် အကြီးပိုင်းအရာရှိတို့ တည်းခိုရာ "Hotel Palace" ကြီးမှာ ဂုဏ်ပြုညစာစားပွဲကြီးတစ်ခု ကျင်းပဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ပြဿနာက အဆိုပါ ဟိုတယ်ကြီးဟာ ပြည်တွင်းစစ်အတွင်းမှာ စစ်မြေပြင် ယာယီဆေးရုံအဖြစ် ပြောင်းလဲအသုံးပြုထားတာ ဖြစ်လို့... ဒဏ်ရာရ စစ်သားတွေ၊ သွေးညှီနံ့တွေနဲ့ ပြည့်နှက်နေပြီး အာဏာရှင်တွေ လာရောက်ပျော်ပါးမယ့် ခမ်းနားတဲ့ ညစာစားပွဲအတွက် လုံးဝအဆင်သင့် မဖြစ်သေးပါဘူး။ ပိုပြီး ကြောက်စရာကောင်းတာကတော့... ဟိုတယ်မှာ ကျန်ရစ်ခဲ့တဲ့ အလုပ်သမား ဝန်ထမ်းအများစုဟာ ဖရန်ကိုရဲ့စနစ်ကို မုန်းတီးနေကြတဲ့ဆန့်ကျင်ရေးသမား လျှို့ဝှက်တိုက်ပွဲဝင်သူတွေ ဖြစ်နေတာပါပဲ။ အာဏာရှင်တွေကလည်း ဟိုတယ်ကို စစ်ဆေးရေးတွေ၊ လက်နက်ကိုင်တွေနဲ့ ဝိုင်းရံထားပြီး၊ ဝန်ထမ်းတွေကလည်း နောက်ကွယ်ကနေ ဒီညစာစားပွဲကြီး ပျက်စီးသွားအောင် ဘယ်လိုမျိုး လျှို့ဝှက်အစီအစဉ်တွေနဲ့ အသက်နဲ့လဲပြီး တိုက်ပွဲဝင်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ရိုက်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း