The Murder of Rachel Nickell
The Murder of Rachel Nickell (2026) ၁၉၉၂ ခုနှစ်တုန်းကအင်္ဂလန်တစ်နိုင်ငံလုံးကို တုန်လှုပ်ချောက်ချားသွားစေခဲ့တဲ့ ဝင်းဘယ်လ်ဒန်ကွင်းပြင်ကလူသတ်မှုဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ Netflix မှတ်တမ်းရုပ်ရှင် ဖြစ်ပါတယ် ဇာတ်လမ်းကတော့ ၁၉၉၂ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်... အင်္ဂလနိုင်ငံ လန်ဒန်မြို့က သာယာလှပပြီး လူအများ လမ်းလျှောက်လေ့ရှိတဲ့ ဝင်းဘယ်လ်ဒန်ကွင်းပြင်ဆီကို အသက် ၂၃ နှစ်အရွယ် မိခင်ဖြစ်သူ ရေချယ် နစ်ကယ်လ်ဟာ သူမရဲ့ ၂ နှစ်သားအရွယ် သားငယ်လေး အဲလက်စ် ၊ သူတို့ရဲ့ အိမ်မွေးခွေးလေးနဲ့အတူ လမ်းလျှောက်ဖို့ ရောက်ရှိလာခဲ့ရာကနေ စတင်ထားပါတယ်။ ဒါပေမဲ့ ဒီသာယာနေ့လည်ခင်းကနေ.လူသတ်သမားတစ်ဦး ဓားနဲ့တိုက်ခိုက်မှုကြောင့်သွေးစွန်းသော ကံကြမ္မာဆိုးကြီးအဖြစ် ပြောင်းလဲသွားခဲ့ရပါတော့တယ် ပိုပြီးရင်နင့်စရာကောင်းတာကတော့ ရေချယ်ဟာ သားဖြစ်သူ အဲလက်စ်ရဲ့ ရှေ့မှောက်မှာတင် အသက်ပျောက်သွားခဲ့ရပြီး၊ ကလေးငယ်လေးဟာ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းဘေးမှာ ငိုယိုကာ ကပ်ငြိတွယ်ကပ်နေခဲ့တာကို ရဲတွေက တွေ့ရှိခဲ့ရခြင်း ဖြစ်ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ဟာ... အဆိုပါ လူသတ်မှု ဖြစ်ပွားပြီးနောက် ဗြိတိန်ရဲတပ်ဖွဲ့က တရားခံအစစ်ကို မမိဘဲ... အပြစ်မဲ့သူ တစ်ဦးကို စိတ်ပညာလှည့်ကွက်တွေ သုံးပြီး လွဲမှားစွာ တရားခံအဖြစ် ဖမ်းဆီးဖို့ ကြိုးစားခဲ့တဲ့ ရဲတွေရဲ့ အမှားအယွင်းများ၊ ဇနီးဖြစ်သူ ဆုံးရှုံးသွားတဲ့ ခင်ပွန်းဖြစ်သူ အန်ဒရေနဲ့ စိတ်ဒဏ်ရာကိုယ်စီနဲ့ ကြီးပြင်းလာခဲ့ရတဲ့ သားဖြစ်သူ အဲလက်စ်တို့ သားအဖနှစ်ဦး... တရားခံအစစ်ဖြစ်တဲ့ စိတ္တဇလူသတ်သမား ရောဘတ်နက်ပါး (Robert Napper) ကို DNA နည်းပညာအသစ်နဲ့ ဆယ်စုနှစ်တစ်ခုကျော်အကြာမှ ဘယ်လိုမျိုး ဖော်ထုတ်နိုင်ခဲ့သလဲဆိုတာကို မိနစ် ၉၅ မိနစ်ကြာ အသေးစိတ် ရိုက်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း