The Rite
အလောင်းပြင်တဲ့ မိသားစုမှာ ကြီးပြင်းလာတဲ့ မိုက်ကယ် ကိုဗက်ဟာ ဖခင်နဲ့ဝေးရာကို ထွက်သွားချင်လို့ ဘုန်းကြီးဝတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘုရားသခင်ကို ယုံကြည်သက်ဝင်သူတော့ မဟုတ်ဘူး။ ဘာသာရေးကျောင်းတက်ရင်း ဆရာသမားရဲ့ အာရုံစိုက်မှုကို ရလာတဲ့အခါ မကောင်းဆိုးဝါးနှင်တဲ့ သင်တန်းကို တက်ဖို့ ဖိအားပေးခံရပါတယ်။ မကောင်းဆိုးဝါးပူးကပ်သူကို ကူညီဖို့ဆိုရင် ဘယ်လိုမကောင်းဆိုးဝါးမျိုး ပူးကပ်နေတာလဲဆိုတာ အရင်ဖော်ထုတ်ရတယ်။ ဒီလိုအလုပ်ကို သင်ယူရပေမယ့် မိုက်ကယ်က သိပ္ပံဘက်ကို ပိုယုံကြည်သူဖြစ်နေတယ်။ သူ့ရဲ့ မယုံကြည်မှုတွေ ပြောင်းလဲလာစေဖို့ နာမည်ရဆရာတော် လူးကပ်စ်ဆီမှာ မကောင်းဆိုးဝါးနှင်တဲ့အကြောင်း လက်တွေ့လေ့လာခိုင်းလိုက်ပါတယ်။ ကိုယ်တိုင်လက်မခံနိုင်သေးတဲ့ အရာတွေကို ဆရာတော်နဲ့အတူ ရင်ဆိုင်လေ့လာရတော့မယ့် မိုက်ကယ်အကြောင်းကို ရိုက်ကူးထားတဲ့ သရဲဇာတ်ကားပါ။ အန်သိုနီဟော့ကင်းနဲ့ Colin O'Donoghue တို့အပြင် Marta Gastini၊ Alice Braga နဲ့ Ciarán Hinds တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း