ဇာတ်ကားများ ရွေးရန်

The Art of Understanding Lover

2024ဇာတ်ကားအမှတ် 7.3/1091 မိနစ်

The Art of Understanding Lover (2024) IMDb Rating (8.0) ခါလစ်စ်ဟာ နယ်မြို့လေးတစ်ခုကနေ ဆိုလိုမြို့ကြီးဆီကို စာရေးဆရာမတစ်ယောက်ဖြစ်လာဖို့ အိမ်မက်တွေနဲ့ပြောင်းရွှေ့လာတဲ့ ကောင်မလေးတစ်ယောက်ပါ။ အဲ့ဒီမှာပဲ သူ့စာမူတွေကို တည်းဖြတ်ပေးရတဲ့ အဂတ်စ်ဆိုတဲ့လူငယ်လေးတွေနဲ့တွေ့ဆုံပြီး ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ နှစ်ဦးလုံးက ရိုးသားကြိုးစားပြီး ဂုဏ်ပကာသနတွေကိုမမက်မောတဲ့သူတွေဖြစ်လို့ အချင်းချင်းကြားမှာ ပြဿနာမရှိပေမယ့် ယောက်ျားတွေနဲ့ပတ်သက်ပြီး နာစရာတွေရှိနေတဲ့ ခါလစ်စ်ရဲ့ သူငယ်ချင်းတွေက အမျိုးမျိုး မြှောက်ထိုးပင့်ကော်သွေးထိုးရာကနေ အချင်းချင်း နားလည်မှုတွေလွဲလာသလို သူ့အချစ်ဆုံး သူငယ်ချင်းရဲ့ အိမ်ထောင်ရေးစိတ်ဒဏ်ရာကြောင့်ပါ သူတို့နှစ်ယောက်အနာဂတ်ဟာမရေမရာဖြစ်လာပါတော့တယ်။ တစ်ယောက်နဲ့တစ်ယောက်အချစ်ကြီးချစ်ကြတယ်ဆိုတာတော့ သေချာနေတဲ့ သူတို့နှစ်ယောက်ဒီလိုကိစ္စတွေရဲ့ဂယက်ရိုက်မှုကို ဘယ်လိုသည်းခံကျော်လွှားကြမလဲ? သူတို့နှစ်ယောက်ရဲ့ အချစ်ဟာနောက်ဆုံးအချိန်ထိ လက်တွဲခိုင်မာအောင် နှောင်တည်းထားနိုင်မလား? စတာတွေကို သဘာ၀ ကျကျဟာသလေးတွေနဲ့ရှုစားရမှာဖြစ်ပါတယ်။ လက်တွေ့နဲ့အနီးစပ်ဆုံး အရိုးရှင်းဆုံး ပုံဖော်တင်ဆက်ထားပြီးဇာတ်လမ်းပြီးချိန်မှာပါ အပြုံးလေးနဲ့ကျန်ရစ်ခဲ့ရမယ့် ကားမျိုးမို့ အချစ်ဟာသ ပရိသတ်တွေအကြိုက်တွေ့မှာပါ။ File size… (1.6 GB) / (950 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama,Romance Duration…. 01:31:39 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း