ဇာတ်ကားများ ရွေးရန်

Six Days in Spring

2025ဇာတ်ကားအမှတ် 5.2/1094 မိနစ်

Six Days in Spring (2025) ကွာရှင်းထားတာမကြာသေးတဲ့ တစ်ကိုယ်တော်မိခင် Sana က စားဝတ်နေရေးအတွက် အလုပ်တွေအများကြီးလုပ်ပြီး ပင်ပန်းခံနေရတဲ့ အလုပ်ကြိုးစားတဲ့သူတစ်ယောက်ပါ။ သူက သူ့ရဲ့ 10 နှစ်အရွယ် သားတွေဖြစ်တဲ့ Thomas နဲ့ Raphaël ဆိုတဲ့ အမြွာညီအစ်ကိုနှစ်ယောက်အတွက် မမေ့နိုင်စရာ အပန်းဖြေပိတ်ရက်တစ်ခုကို ဖန်တီးပေးချင်တာမို့ Lyon ကို ခရီးထွက်လာခဲ့ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်နှစ်ခုကတော့ သူ့ရဲ့သားလေးနှစ်ယောက်နဲ့ အတူတူရှိဖို့ရယ် သူ့ရဲ့ ချစ်သူအသစ်ဖြစ်တဲ့ သားနှစ်ယောက်ရဲ့ အားကစားဆရာဟောင်း Jules နဲ့ အချိန်ကုန်ဆုံးဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် Sana က သူ့ရဲ့မိသားစုကို Saint-Tropez ကို ခေါ်သွားပြီးတော့ သူ့ရဲ့အရင်က မတော်စပ်တော့တဲ့ ခမည်းခမက်ဟောင်းတွေရဲ့ လူမနေတဲ့အိမ်ထဲကို ခေါ်လာပြီး အသိမပေးဘဲ တည်းနေပါတော့တယ်။ နောက်ခြောက်ရက်အတွင်းမှာ Sana က သူ့ရဲ့သားနှစ်ယောက်နဲ့ Jules ကို သာယာလှပတဲ့ အဲဒီစံအိမ်ကြီးထဲမှာ ကောင်းကင်ဘုံတစ်ခုလို ပျော်ပျော်ရွှင်ရွှင်နေပြီး အမှတ်တရတွေဖန်တီးနိုင်အောင် လုပ်ပေးခဲ့ပေမယ့် တကယ်တော့ ဒါက တရားမဝင်တဲ့ အိမ်ဖောက်ထွင်းမှုတစ်ခုဖြစ်နေတာမို့ သူ့ရဲ့ ခမည်းခမက်ဟောင်းတွေ ရဲတွေမသိအောင် သတိထားပြီးတော့ ဘယ်လောက်အထိ နေနိုင်သွားမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုရပါတယ်။ File size… (1.6 GB) / (894 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Drama Duration…. 01:34:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း