Kenatha Kanom
Kenatha Kanom (2026) ဆွမ်းခံရင်း ငှက်သင့် IMDb (6.9/10) ၂၀၂၆ ခုနှစ် မတ်လမှာ ရုံတင်ပြသခဲ့တဲ့ဒီဇာတ်ကားဟာ ဒါရိုက်တာ Suresh Sangaiah ရဲ့လက်ရာဖြစ်ပြီး ကျွန်တော်တို့ရဲ့အချစ်တော် ဟာသလူရွှင်တော်မင်းသားကြီး Yogi Babu က အဓိကဦးဆောင် ပါဝင်ထားတဲ့ Tamil လူမှုဟာသဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းက ရာမာနာသာပူရမ် ခရိုင်ထဲက ပြင်းထန်တဲ့ မိုးခေါင်ရေရှားဒဏ်ကို ခံစားနေရတဲ့ ကျေးရွာလေးတစ်ရွာကနေ စတင်ထားပါတယ်။ တစ်ရွာလုံး ရေပြတ်လပ်ပြီး အခက်အခဲတွေ့နေရလို့ ရွာသားတွေဟာ အစိုးရဆီ အကြိမ်ကြိမ် အသနားခံပေမဲ့ ဘာမှထူးမလာတဲ့အဆုံး ရွာထဲက ဘုရားကျောင်းပန်းပုဆရာရဲ့ အိမ်ရှေ့မြေကွက်လပ်မှာ ရေတွင်းအသစ်တစ်တွင်း ကိုယ်ထူကိုယ်ထ တူးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဒါပေမဲ့ ထူးဆန်းတာက ရေတွင်းတူးရင်း ရေထွက်မလာဘဲ နှစ်သန်းပေါင်း ၆၆ သန်းသက်တမ်းရှိတဲ့ ဒိုင်နိုဆောရုပ်ကြွင်းကြီး သွားတွေ့ပါလေရော။ သတင်းကြောင့် အစိုးရ ရှေးဟောင်းသုတေသနဌာနက အရာရှိတွေ ရောက်လာပြီး ရွာတစ်ခုလုံးကို အမွေအနှစ်ထိန်းသိမ်းရေးဇုန်အဖြစ် သတ်မှတ်ကာ ရွာသားတွေကို နှင်ထုတ်ဖို့ ပြင်ဆင်ပါတော့တယ်။ ဒီနေရာကစလို့ ရေလိုချင်တဲ့ ရွာသားတွေနဲ့ ရုပ်ကြွင်းကို လိုချင်တဲ့ အစိုးရဌာနကြားက အားပြိုင်မှု၊ အစိုးရကို ပြန်လည်တုံ့ပြန်ဖို့ ရွာသားတွေ ကြံစည်ကြပုံတွေကို ဟာသနှောပြီး ရိုက်ကူးတင်ဆက်ထားပုံကို ကြည့်ရှုခံစားလိုက်ကြပါဦး။ File size… 2.8 GB / 1.4 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 56m Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း