ဇာတ်ကားများ ရွေးရန်

Coco World

2026ဇာတ်ကားအမှတ် 5.2/1087 မိနစ်

Coco World (2026) Multi-Level Marketing (MLM) ကုမ္ပဏီတွေရဲ့ "မချမ်းသာ ချမ်းသာအောင် ဦးနှောက်ဆေးနည်းလမ်းတွေ" နဲ့ "လူမှုကွန်ရက်ပေါ်က ဟန်ဆောင်အလှတရားတွေ" ကို ကွက်ကွင်းကွင်းကွက်ကွက် သရော်ထားလို့ The Wolf of Wall Street တို့.. Not Okay တို့လိုမျိုး Dark Comedy ကြိုက်သူတွေအတွက် ကွက်တိပါပဲ။ အလှအပ ကုန်ပစ္စည်းတွေကို ဆင့်ပွားစနစ် (MLM) နဲ့ ရောင်းချတဲ့ ပိရမစ်အဆင့်ဆင့် ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပြီး... ထက်မြက်လှတဲ့ အရောင်းမယ် "ကိုကို" အကြောင်းကနေ စတင်ထားပါတယ်။ ကိုကိုဟာ ကုမ္ပဏီရဲ့ ထိပ်တန်းအရောင်းစံချိန်တွေကို ချိုးဖျက်ပြီး ကော်မရှင်အမြောက်အမြားနဲ့ ရာထူးတက်ဖို့အတွက် ဘာမဆိုလုပ်ဖို့ အသင့်ရှိနေသူတစ်ဦးပါ။ ဒါပေမဲ့ ဈေးကွက်ထဲမှာ ပြိုင်ဘက်တွေများလာပြီး အရောင်းပိတ်ဖို့ အခက်အခဲ ကြုံလာရတဲ့အခါမှာတော့... ကိုကိုဟာ အစီအစဉ်တစ်ခုကို ဆွဲပါတော့တယ်။ သူမဟာ ကလေးတစ်ယောက်ကို တကယ့်မိခင်ကောင်းတစ်ဦးလို ချစ်ခင်မြတ်နိုးလို့ မဟုတ်ဘဲ... အများပြည်သူရဲ့ သနားဂရုဏာစိတ်ကို အသုံးချပြီး မိမိရဲ့ မိတ်ကပ်ပစ္စည်းတွေကို အလုံးအရင်း အရောင်းပိတ်နိုင်ဖို့အတွက် ဆေးရုံကနေ အမည်မသိ အလှူရှင်တစ်ဦးရဲ့ သုတ်ပိုးကိုရယူကာ မိမိကိုယ်ကိုယ် တမင်သက်သက် ကိုယ်ဝန်ရှိအောင် ပြုလုပ်ပါတော့တယ် .... ကိုယ်ဝန်ဆောင် မိခင်တစ်ဦးရဲ့ပုံစံနဲ့ လူမှုကွန်ရက်ပေါ်မှာ Live လွှင့်ပြီး ပစ္စည်းတွေ ရောင်းကောင်းအောင် လုပ်ရင်း... နောက်ပိုင်းမှာ သူမရဲ့ အတ္တတွေ၊ လိမ်ညာမှုတွေကြောင့် ဘဝနဲ့ ပတ်ဝန်းကျင်ကြားထဲမှာ ဘယ်လိုမျိုး အလွဲလွဲအချော်ချော်တွေ ဖြစ်ပြီး ဒုက္ခတွေ ကြုံရမလဲဆိုတာကို သရော်စာဟာသစတိုင် ရိုက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း