Clueless
Clueless (1995) ဒီဇာတ်ကားလေးကတော့ Mean Girl တို့ Legally Blonde တို့နဲ့အပြိုင် နာမည်ကြီးခဲ့တဲ့ ဂန္ဓဝင် ဆက်ကျော်သက် အထက်တန်းကျောင်းဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ရှဲလ် ဆိုတဲ့ လူကုံထံ သူဌေးသမီးလေးဟာ အထက်တန်းကျောင်းမှာ ရေပန်းအစားဆုံးကောင်မလေး ဖြစ်တဲ့အပြင် ဆယ်ကျော်သက်အရွယ်ဖြစ်တဲ့အတွက်ကြောင့် တစ်နေ့တာ ဘာဝတ်ရမယ်၊ ဘယ်သွားပြီး ဘာစားရမယ်ဆိုတဲ့ စိန်ခေါ်မှုတွေနဲ့တင် ဗျာများနေရသူလေးပါ။ သူမဟာ ဘာမလို ဘာမရှား သူဌေးသမီးဖြစ်ပေမဲ့ လူတိုင်းအပေါ် စေတနာကောင်းပြီး ပေးကမ်းရက်ရောစွန့်ကြဲတတ်တဲ့ ကောင်မလေးဆိုလည်း မမှားပါဘူး။ တစ်နေ့မှာတော့ သူမဟာ ကျောင်းကို အသစ်ရောက်လာတဲ့ တောဆန်တဲ့ကောင်မလေးကို ရေပန်းစားလာအောင် ကူညီရင်း ကောင်လေးရှာကူရင်းနဲ့ သူကိုယ်တိုင်ကလည်း ရည်စားမထားဖူးတာ အချစ်အကြောင်း နားမလည်သေးတာကို သဘောပေါက်လာတဲ့အခါ သူလည်း ဆယ်ကျော်သက်အချစ်ကို ရှာဖွေတဲ့အကြောင်းကို ရင်ခုန်ကြည်နူးဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း