The Nut Farm
The Nut Farm (2024) အမေရိကန်နိုင်ငံသား နာမည်ကျော် Stand-up ဟာသလူရွှင်တော် Arj Barker ကိုယ်တိုင် ဇာတ်ညွှန်းရေးသားပြီး အဓိကဇာတ်ဆောင်အဖြစ် ပါဝင်အားဖြည့်ထားတဲ့ ဟာသလက်ရာတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဆန်ဖရန်စစ္စကိုမြို့ပြကြီးမှာ နေထိုင်ပြီး အွန်လိုင်းပေါ်က ခရစ်ပတိုတွေ အရောင်းအဝယ်လုပ်ပြီး အောင်မြင်နေတဲ့ Mitch ဆိုတဲ့ လူငယ်အကြောင်းကနေ စတင်ထားပါတယ်။ တစ်နေ့မှာတော့ သြစတြေးလျနိုင်ငံ "Cobweb" လို့ခေါ်တဲ့ တောရွာလေးမှာရှိတဲ့ သူ့ရဲ့ ဦးလေးဖြစ်သူဟာ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် မစ်ချ်ဟာ ဦးလေးဖြစ်သူ ချန်ထားခဲ့တဲ့ မက်ကဒေးမီးယား သစ်စေ့စိုက်ခင်း အမွေကြီးကို ဆက်ခံဖို့အတွက် အမေရိကန်ကနေ သြစတြေးလျကျေးလက်တောရွာလေးဆီ ရောက်ရှိလာပါတော့တယ်။ အွန်လိုင်းပေါ်မှာပဲ အလုပ်လုပ်ဖူးတဲ့ မစ်ချ်အဖို့ ရုန်းကန်ရတဲ့ ကျေးလက်ဘဝက အစပိုင်းမှာ တော်တော်လေး ကမောက်ကမ ဖြစ်စေပါတယ်။ ဒါတင်မကဘဲ... ဒီစိုက်ခင်းကြီးကို အပိုင်ရဖို့အတွက် သာမန်မဟုတ်တဲ့ ထူးထူးဆန်းဆန်း စည်းကမ်းချက် သတ်မှတ်ချက်တွေ ပါဝင်နေတာကို သူ သိလိုက်ရတဲ့အပြင်၊ ရွာထဲက ထူးဆန်းပြီး စရိုက်စုံလှတဲ့ ရွာသားတွေ၊ စိုက်ခင်းကို မျက်စိကျနေတဲ့ လောဘသားတွေရဲ့ ပြဿနာတွေကြားထဲ ညှပ်ပြီး မစ်ချ်တစ်ယောက် ဘယ်လိုမျိုး ဖြေရှင်းမလဲဆိုတာကို ပေါ့ပေါ့ပါးပါး ရိုက်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း