The Voices of Our Mother
The Voices of Our Mother (2026) ဒါရိုက်တာ Mark O'Brien ကိုယ်တိုင် ရိုက်ကူးပြီး ပါဝင်သရုပ်ဆောင်ထားတဲ့ "The Voices of Our Mother" ကားလေးကတော့ Shudder ကနေ အခု ဇွန်လမှာပဲ အသစ်ထွက်ရှိထားတဲ့ သဘာဝလွန် ထိတ်လန့်စရာ (Supernatural Horror) ဇာတ်ကားလေးပါ။ ဒီကားမှာ Sheila McCarthy, Georgina Reilly နဲ့ Carolina Bartczak တို့က အဓိကပါဝင်ထားပြီး ရုပ်ရှင်ကြာချိန်အနေနဲ့ ၁ နာရီခွဲလောက် ရှိပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းကတော့ အသက် ၉၅ နှစ်အရွယ် အဖွားဖြစ်သူ ဆုံးပါးသွားပြီးနောက်မှာ မိခင်ဖြစ်သူ Harriet တစ်ယောက် ဘာရောဂါမှန်းမသိဘဲ ရုတ်တရက် မေ့မြောသွားရာကနေ စတင်ပါတယ်။ ဒီတော့ အကြောင်းအမျိုးမျိုးကြောင့် အိမ်ကနေ အဝေးကိုရောက်နေကြတဲ့ သားသမီး ၄ ယောက်ဖြစ်တဲ့ William ၊ သီလရှင်ဝတ်နေတဲ့ Annika ၊ Therese နဲ့ မူးယစ်ဆေးပြဿနာရှိနေတဲ့ Martin တို့ဟာ မိခင်ကို ပြုစုဖို့ သူတို့ ကြီးပြင်းခဲ့တဲ့အိမ်ကို ပြန်ရောက်လာကြပါတယ်။ မိသားစုတွေ ပြန်ဆုံကြတဲ့အခါ အတိတ်က ဖုံးကွယ်ထားခဲ့တဲ့ မိသားစု လျှို့ဝှက်ချက်တွေ၊ ဖခင်ဖြစ်သူရဲ့ အကြမ်းဖက်မှုတွေနဲ့ အဲဒီအချိန်တုန်းက ဝင်မပါဘဲ ရေငုံနှုတ်ပိတ်နေခဲ့တဲ့ မိခင်ဖြစ်သူအပေါ် မကျေနပ်ချက်တွေက တဖြည်းဖြည်း ပြန်ပေါ်လာပါတော့တယ်။ တစ်ချိန်တည်းမှာပဲ မိခင်ဖြစ်သူရဲ့ ရောဂါက သာမန်မဟုတ်ဘဲ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ဆက်စပ်နေပြီး သူတို့မိသားစုကို ဒုက္ခပေးမယ့် အဆိုးယုတ်ဆုံးအရာတစ်ခု နိုးထလာတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။ ဒီကားက သာမန် သရဲကားတွေလို ရုတ်တရက် အလန့်တကြားလုပ်တာမျိုး (Jump scare) တွေချည်းပဲ မဟုတ်ဘဲ မိသားစု ပြဿနာတွေ၊ ငယ်ဘဝ စိတ်ဒဏ်ရာတွေနဲ့ ဘာသာရေးဆိုင်ရာ အယူအဆတွေကို သဘာဝလွန်ဖြစ်ရပ်တွေနဲ့ သေသေချာချာ ရောမွှေပြီး တင်ဆက်ထားတာပါ။ ဇာတ်ကောင်တွေကလည်း အပြစ်ကင်းစင်တဲ့သူတွေ မဟုတ်ဘဲ တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင် ပြဿနာတွေ၊ အားနည်းချက်တွေ ရှိနေတာမို့ ပိုပြီး လက်တွေ့ကျသလို ခံစားရစေမှာပါ။ သဘာဝလွန် Horror ကားတွေကိုမှ ဇာတ်လမ်းအနှစ်သာရလေးနဲ့ ခံစားကြည့်ချင်သူတွေအတွက် သဘောကျစေမယ့် ကားလေးဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း