Love Is Love
Love is Love (1990) ဒီဇာတ်ကားလေးကတော့ ကျနော်တို့ အချစ်တော် မင်းသားကြီး စတီဗင်ချောင်ရဲ့ အတိတ်ကို လွမ်းဆွတ်စရာ ဇာတ်လမ်းတွေထဲက တစ်ပုဒ် ဖြစ်ပါတယ်။ ရှီကျင့်ရွှီ ဆိုတဲ့ကောင်လေးဟာ မိမရှိဖမရှိ တစ်ကောင်ကြွက် မျက်နှာမွဲ ဖြစ်ပြီးတော့ ငယ်ငယ်ကတည်းက သူဌေးတစ်ယောက်ဆီမှာ အလုပ်လုပ်လာခဲ့ပါတယ်။ ဒီလိုနဲ့ အရွယ်ရောက်လာတော့ ရှီကျင့်ဟာ သူ့သူဌေးရဲ့ သမီးဖြစ်သူ တီနဲ့ လူငယ်သဘာဝ ချစ်ကြိုက်မိကြပြီးတော့ သူ့သူဌေးမသိအောင် ခိုးတွဲနေရပါတယ်။ တစ်နေ့မှာတော့ သူဌေးဟာ သူတို့နှစ်ယောက် ခိုးတွဲနေတာကို သိပြီးတော့ သူ့ကို အိမ်ပေါ်က မောင်းချတဲ့အခါမှာ သူတို့နှစ်ယောက်သား မခွဲနိုင်တဲ့အတွက် ခိုးပြေးဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ ဒီတော့ သူတို့နှစ်ယောက်သား လောကဓံရဲ့ စမ်းသပ်မှုကို အချစ်တစ်မျက်နှာတည်းနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ၉၀ ရာစု ဟောင်ကောင်အငွေ့အသက်တွေအောက်မှာ ဆွတ်ပျံ့ကြည်နူးဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း