ဇာတ်ကားများ ရွေးရန်

Born Yesterday

1950ဇာတ်ကားအမှတ် 7.2/10103 မိနစ်

Born Yesterday (1950) IMDB : 7.5 Rotten Tomatoes : 95% Genre : Romance / Comedy Born Yesterday ကတော့ ၁၉၅၀ ခုနှစ်ထွက် ဒါရိုက်တာ George Cukor ရဲ့ Classic Rom/Com ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ Academy တစ်ဆုရခဲ့တဲ့ ရုပ်ရှင်ကားကြီးလည်းဖြစ်ပါတယ်။ တော်တော်လေးကြည့်ဖို့ကောင်းပြီး Classic ရုပ်ရှင်ချစ်သူတွေ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်ညွှန်း ဟယ်ရီဆိုတာ အရာရာကိုစီးပွားတွက်တွက်ပြီး အရမ်းကိုမောက်မာတဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်ပါတယ်။ လူတိုင်းက သူနဲ့မကင်းလို့သာ ဆက်ဆံရတယ် ဘယ်သူကမှ စိတ်ထဲပါတယ်လို့မရှိပါဘူး။ လူတိုင်းနဲ့လည်းမတည့်ပါဘူး။ သူနဲ့ယူမယ့် ဇနီးလောင်း အမ်မာနဲ့တောင် လုံးဝမတည့်ပါဘူး။ အမ်မာကိုလည်းချစ်တာထက် စီးပွားရေး နယ်ရုပ်လိုမျိုး သဘောထားဆက်ဆံတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ အမ်မာက ပြဇာတ်မှာ အလုပ်လုပ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။ ဆိုတော့ လူ့လောကကြီးကို သိသင့်သလောက်မသိဘူး။ ပြောရရင် တုံးတယ်ပေါ့လေ။ ဒါနဲ့ လည်လည်ဝယ်ဝယ်ဖြစ်အောင်ဆိုပြီး သတင်းထောက် ပေါလ်ကိုငှားပြီး အမ်မာ့ကို လူရည်လည်အောင်လို့ သင်ခိုင်းပါတော့တယ်။ ဘာတွေဆက်ဖြစ်မှာလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ကြပါ။ ဒီရုပ်ရှင်မှာ သဘောကျတာ မင်းသား Broderick Crawford ရဲ့ အာခေါင်အာရင်းသန်သန်နဲ့ စကားပြောဟန်ပါ။ နောက်တစ်ခုသဘောကျတာကတော့ ဒီရုပ်ရှင်နဲ့ပဲ အကောင်းဆုံး အကောင်းဆုံးဇာတ်ဆောင်ဆု အကယ်ဒမီ ရခဲ့တဲ့ မင်းသမီး Judy Holliday ရဲ့ အသံလေးအသံကြောင်နဲ့စကားပြောဟန်ပါ။ ကြည့်နေရင်းနဲ့ နားစွဲရလောက်အောင်ဖြစ်သွားစေမှာပါ။ ခံစားကြည့်လိုက်ကြပါ။ File size…    2 GB / 1 GB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 38m Genre ..... Romance / Comedy Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း