ဇာတ်ကားများ ရွေးရန်

DRAGN

2025ဇာတ်ကားအမှတ် 5.0/1091 မိနစ်

DRAGN (2025) IMDb Rating (3.5) ဇာတ်လမ်းကို ကုမ္ပဏီအဖွဲ့လိုက် စွမ်းရည်မြှင့်တင်ရေးအတွက် ဆားဘီးယားနိုင်ငံရဲ့ တောတောင်တွေထဲ တောလမ်းလျှောက်ခရီး ထွက်ခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက်တစ်စုကို အခြေခံထားပါတယ်။ သူတို့ဟာ ဒီခရီးစဉ်ကိုမလိုက်ပါရင် အလုပ်ကိုထိခိုက်နိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုကြောင့်သာ လိုက်ပါလာရတာဖြစ်ပြီး ဒီခရီးစဉ်ဟာ ဘယ်ကိုသွားမယ် ဘာတွေလုပ်ရမယ်ဆိုတာကိုအဖွဲ့ခေါင်းဆောင်ကလွဲပြီး ဘယ်သူမှ မသိကြပါဘူး။ သူတို့အဖွဲ့တောထဲရောက်ချိန်မှာတော့ သူတို့မသိပဲ နောက်ယောင်ခံစောင့်ကြည့်နေတဲ့ စစ်တပ်သုံး AI မောင်းနှင်တဲ့ ဒရုန်းတစ်စီးရှိနေခဲ့ပါတယ်။ အဲ့ဒီဒရုန်းနဲ့မူလအစီအစဉ်က လမ်းညွှန်စောင့်ကြည့်ဖို့ပဲရည်ရွယ်ထားတာဖြစ်ပေမယ့် စနစ်ချို့ယွင်းပြီး သောင်းကျန်းရာကနေ သူတို့အဖွဲ့သားတွေကို တစ်ယောက်ပြီးတစ်ယောက်လိုက်လံသတ်ဖြတ်ပါတော့တယ်။ တွေ့နေမြင်နေကျ ဇာတ်လမ်းမျိုးဆိုပေမယ့် အထူးပြုလုပ်ချက်နဲ့ မိတ်ကပ်တွေ သေသပ်ကောင်းမွန်ပြီး သတ်ခန်းဖြတ်ခန်းတွေလည်း ပီပြင်ရက်စက်တဲ့အတွက် ကြည့်ကောင်းတဲ့ AI အခြေခံ ဟော်ရာရုပ်ရှင်တစ်ကားပါပဲ။ File size… (1.4 GB) / (930 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Action,Horror,Science Fiction,Thriller Duration…. 01:33:11 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း