ဇာတ်ကားများ ရွေးရန်

Malevolent

2018ဇာတ်ကားအမှတ် 5.0/1089 မိနစ်

Malevolent (2018) ဒီဇာတ်ကားလေးမှာ Florence Pugh ကို Marvel က Widow အနေနဲ့ မဟုတ်ပဲ ဝိညာဉ်ကြားခံအနေနဲ့ တွေ့ရမှာပါ။ အန်ဂျလာနဲ့ ဂျက်ဆင်တို့ မောင်နှမဟာ အမေဖြစ်သူ နတ်ဝင်သည် ဆုံးပြီးတဲ့နောက်မှာ ငွေကြေးအခက်အခဲတွေကြောင့် အန်ဂျလာဟာ သူမအမေလိုပဲ ဝိညာဉ်တွေကို မြင်နိုင်ကြားနိုင်တယ်လို့ သတင်းဖြန့်ပြီး ဝိညာဉ်ကြားခံအနေနဲ့ ပိုက်ဆံရှာနေကြပါတယ်။ အန်ဂျလာကတော့ ဝိညာဉ်တွေရဲ့ အငွေ့အသက်တွေကို ခံစားမိပေမဲ့ ဘာမှလုပ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဂျက်ဆင်က ပိုက်ဆံလိုတဲ့အတွက် သူ့ညီမကို အတင်းတိုက်တွန်းပြီး မိသားစုတွေကို ကလိမ်ကျနေတာပါ။ တစ်နေ့မှာတော့ ထူးဆန်းတဲ့အမျိုးသမီးတစ်ယောက်က သူမရဲ့အိမ်မှာ မိန်းမငယ်လေးတွေရဲ့ ရယ်သံတွေ ဆက်တိုက်ကြားနေရတဲ့အတွက် သူတို့မောင်နှမကို အပနှင်ပေးဖို့ ငှားခဲ့ပါတယ်။ ဒီတော့ တကယ်အပမနှင်နိုင်တဲ့ သူတို့မောင်နှမနှစ်ယောက်နဲ့ သူငယ်ချင်းတစ်အုပ် အဲဒီအိမ်ကို သွားတဲ့အခါ ဘာတွေကြုံတွေ့ရမလဲ၊ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း