Don't Be Afraid of the Dark
Don’t Be Afraid of the Dark (2010) မစ္စတာ ဘလက်ဝုဒ်ဟာ နာမည်ကျော် ပန်းချီဆရာတစ်ယောက် ဖြစ်ပြီးတော့ သူရော သူ့ရဲ့ ၈ နှစ်အရွယ် သားဖြစ်သူမှာ တစ်နေ့မှာ ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒီလိုနဲ့ သိပ်မကြာခင်မှာပဲ အဲလက်စ်ဆိုတဲ့ ဗိသုကာပညာရှင်ဟာ အဲဒီအိမ်ကို ဝယ်ယူပြီး ဗိသုကာပိုင်းမှာ ပြန်လည်မွမ်းမံကာ ဈေးတင်ရောင်းချဖို့အတွက် ပြင်ဆင်လို့နေပါတယ်။ တစ်နေ့မှာတော့ အဲလက်စ်ရဲ့ ဇနီးဟောင်းဖြစ်သူက အလုပ်တစ်ခုပေါ်လာလို့ သူတို့ရဲ့ သမီးဖြစ်သူ ဆယ်လီကို အဲလက်စ်ဆီမှာ ခဏလောက်နေဖို့ လွှတ်လိုက်ပါတယ်။ ဆယ်လီဟာ အဲဒီအိမ်ကိုရောက်ပြီး မကြာခင်မှာပဲ မြေအောက်ခန်းတစ်ခုကို ရှာတွေ့ခဲ့ပြီး အဲဒီမြေအောက်ခန်းထဲက မီးလင်းဖိုကနေ တိုးတိုးလေး စကားပြောနေတဲ့အသံကို မကြာမကြာ ကြားလာရပါတယ်။ ဒီတော့ ဆယ်လီဆိုတဲ့ ကလေးမလေးတစ်ယောက် အဲဒီထူးဆန်းတဲ့အိမ်ကြီးမှာ ဘယ်လိုအရာတွေ ကြုံတွေ့ရမလဲ၊ ရင်ဆိုင်ရမလဲဆိုတာ စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း