ဇာတ်ကားများ ရွေးရန်

I Love Boosters

2026ဇာတ်ကားအမှတ် 7.2/10113 မိနစ်

I Love Boosters ( 2026 ) ဒီဇာတ်ကားလေးကတော့ ဒီဇိုင်နာဖက်ရှင်အဝတ်အစားတွေကို အလစ်သုတ်တဲ့သူခိုးတွေကနေ ဇာတ်အိမ်တည်ထားပြီးတော့ နောက်ပိုင်းမှာ မထင်မှတ်ထားတဲ့ ဇာတ်အိမ်အလှည့်အပြောင်း ဗရုတ်ကျမှုတွေကို ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ကော်ဗက်က အဖိုးတန် ဒီဇိုင်နာဖက်ရှင်အဝတ်အစားတွေ အသုံးအဆောင်တွေကို ဆိုင်တွေကနေ အလစ်သုတ်ပြီး ဗိုက်နာဈေးနဲ့ ပေါပေါပဲပဲ ပြန်ရောင်းထုတ်တဲ့ အလစ်သုတ်သမားပါ။ ဒါပေမဲ့ သူမမှာ ဒီဇိုင်နာဖြစ်ချင်တဲ့အိပ်မက်လည်းရှိပြီး တစ်ခါလောက် အချီကြီး ခိုးနိုင်သွားရင် ဒီဘဝကနေ အနားယူပြီး ဒီဇိုင်နာလောကထဲကို ခြေလှမ်းချင်တဲ့သူ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ ခရစ္စတီ စမစ်ဟာ နာမည်ကျော်မိဘနှစ်ပါးရဲ့ အရှိန်အဝါနဲ့ ဒီဇိုင်နာလောကမှာ နာမည်အခိုင်အမာရထားတဲ့ ဖက်ရှင်ဒီဇိုင်နာ ဘီလျံနာ သူဌေးမကြီး ဖြစ်ပါတယ်။ ဒီတော့ ကော်ဗက်က ခရစ္စတီ စမစ်ရဲ့ အဝတ်အစားတွေကို ခိုးယူရာကနေ မထင်မှတ်ထားတဲ့ ဇာတ်ကွက်တွေ ဘယ်လိုပေါ်ထွက်လာမလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုလိုက်ပါ။

ဇာတ်လမ်းအကြောင်း