Nenjuku Needhi
လူတိုင်း တန်းတူအခွင့်အရေး ရသင့်တယ်ဆိုတဲ့ အယူအဆနဲ့ ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားဆက်ဆံနေတဲ့ အလေ့အထတွေကြားက ပြဿနာကို အခြေခံထားတဲ့ ဇာတ်လမ်းပါ။ နိုင်ငံခြားက ပြန်လာတဲ့ ဗီဂျာယာရာဂါဗန်ဟာ အိန္ဒိယရဲတပ်ဖွဲ့မှာ စတင်တာဝန်ထမ်းဆောင်မယ့် ရဲအရာရှိတစ်ယောက်ဖြစ်ပါတယ်။ နယ်ဘက်ကို တာဝန်ကျလာတော့ လူတန်းစားခွဲခြားမှုတွေကို တွေ့ရပြီး စိတ်မသက်မသာ ဖြစ်နေရတယ်။ အဲဒီအချိန်မှာ ပျောက်ဆုံးနေတဲ့ ဇာတ်နိမ့်အမျိုးသမီးငယ် သုံးယောက်ထဲက နှစ်ယောက်ကို သေဆုံးလျက် တွေ့ရှိခဲ့ပါတယ်။ ကျန်တစ်ယောက်ကိုတော့ သဲလွန်စတောင် ရှာမတွေ့သေးပါဘူး။ ဗီဂျာယာရာဂါဗန်ရဲ့ ဇနီး အာဒီတီက လူ့အခွင့်အရေးဆိုင်ရာ ဆောင်းပါးတွေ ရေးသားနေတဲ့ အမျိုးသမီးငယ်တစ်ယောက်ပါ။ ဒီအမှုမှာ အမှန်တရားပေါ်ပေါက်ဖို့ ခင်ပွန်းဖြစ်သူကို သူကလည်း အစွမ်းကုန် ကူညီပေးသွားမှာပါ။ ဇာတ်နိမ့်လူတန်းစားရဲ့ ခေါင်းဆောင် ကူမာရန်ကတော့ တော်လှန်ရေးကို ဦးဆောင်နေသူဖြစ်ပါတယ်။ ပျောက်ဆုံးနေသူ သုံးယောက်ထဲမှာ သူ့ညီမလည်း ပါဝင်နေတာကြောင့် ယူကျုံးမရဖြစ်နေရပြီး ဒီအမှုကို သူ့နည်းသူ့ဟန်နဲ့ ဖော်ထုတ်ဖို့ ကြိုးစားလာနိုင်ပါတယ်။ အမျိုးသမီးငယ်တွေရဲ့ အမှုက ထင်သလောက် ရိုးရှင်းပါ့မလား၊ နောက်ကွယ်မှာ ဘာတွေ ပတ်သက်နေဦးမလဲ။
ဇာတ်လမ်းအကြောင်း