ဇာတ်ကားများ ရွေးရန်

23:59: The Haunting Hour

2018ဇာတ်ကားအမှတ် 4.5/1089 မိနစ်

23:59 The Haunting Hour (2018) ဒီဇာတ်ကားလေးကတော့ မြွေဝိညာဉ်တစ်ကောင် လိုက်ကလဲ့စားချေတာ ခံရတဲ့ တပ်စုတစ်စုအကြောင်းကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ စစ်သားတစ်အုပ်ပါဝင်တဲ့ တပ်စုတစ်စုဟာ ဘရူနိုင်းတောအုပ်ထဲမှာ စစ်လေ့ကျင့်ရေးဆင်းရာမှာ သူတို့ဟာ မြွေတစ်ကောင်ကို သတ်ပြီး ချက်စားခဲ့ပါတယ်။ သူတို့ဟာ အဲဒီမြွေကို ချက်စားရုံတင်မကပဲ စစ်လေ့ကျင့်ရေးအပြီးမှာ မြွေအရေခွံကိုပါ စခန်းကို ယူပြန်လာခဲ့ပါတယ်။ ဒီလိုယူပြန်လာပြီး မကြာဘူး၊ သူတို့ စစ်စခန်းမှာ ထူးဆန်းတဲ့အရာတွေ တစ်ခုပြီး တစ်ခု ဆက်တိုက်ဖြစ်လာပြီး လူစသေပါတော့တယ်။ ဒီတော့ သူတို့တွေ ဒီအခြေအနေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း