ဇာတ်ကားများ ရွေးရန်

23:59

2011ဇာတ်ကားအမှတ် 4.8/1078 မိနစ်

23:59 (2011) ဒီဇာတ်ကားလေးကတော့ ထိုင်ဝမ်က ပါးစပ်ပြောရာဇဝင်တစ်ခုကို ပြန်လည်ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ထိုင်ဝမ်က ကျွန်းတစ်ကျွန်းပေါ်မှာ ၂ နှစ်တာ စစ်မှုထမ်းဖို့ လာကြတဲ့ ကောင်လေးတစ်စုထဲက ကောင်လေးတစ်ယောက်ဟာ ညညဆို မိန်းမကြီးတစ်ယောက် သူ့ဆီရောက်လာပြီး သတ်ပစ်ဖို့ လုပ်တာကို အိပ်မက်လား တကယ်လား မသဲကွဲပဲ နိုးလာတတ်ပြီး ခန္ဓာကိုယ်မှာလည်း ဒဏ်ရာတွေ ရှိနေတတ်ပါတယ်။ ကျန်တဲ့ကောင်လေးတွေကတော့ သူ့ကို မယုံပါဘူး။ တိုက်ဆိုင်ချင်တော့ အဲဒီကျွန်းပေါ်မှာ ညသန်းခေါင် ၁၁ နာရီ ၅၉ မိနစ်မှာ ကိုယ်ဝန်သည်တစ်ယောက် ဆုံးသွားတယ်ဆိုတဲ့ ပါးစပ်ပြောရာဇဝင်တစ်ခုရှိပါတယ်။ ဒီတော့ ဒီကောင်လေးတစ်စု ဘယ်လိုအခြေအနေတွေနဲ့ တကယ်တမ်း ရင်ဆိုင်နေရလဲဆိုတာကို ခြောက်ခြားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း