ဇာတ်ကားများ ရွေးရန်

Balas Budi

2026ဇာတ်ကားအမှတ် 7.0/1088 မိနစ်

Balas Budi (2026) တခဏတာ အမောပြေစေပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ လှည့်ကွက်လေးတွေနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ “Balas Budi“ လို့ အမည်ရတဲ့ ၂၀၂၆ ခုနှစ်မှ ထွက်ရှိထားတဲ့ အင်ဒိုဇာတ်ကားသစ်လေးကို ပရိသတ်ကြီးအတွက် မိတ်ဆက်ပေးလိုက်ပါတယ်နော်.... အာလ်မာဆိုတဲ့ သူဌေးသမီးတစ်ယောက်ဟာ မင်္ဂလာဆောင်မယ့်နေ့မှာ သတိုးသားလောင်းဖြစ်သူ ဘူဒီဟာ ရောက်မလာခဲ့ပါဘူး... အာလ်မာဟာ စိုးရိမ်တကြီးနဲ့ ဆက်သွယ်ကြည့်ပေမဲ့ သူနောက်ဆုံးသိလိုက်ရတာက ဘူဒီဟာ သူ့ဆီကနေ ပိုက်ဆံတွေ လိမ်စားနေခဲ့တဲ့ လူလိမ်တစ်ယောက်ဖြစ်နေတယ်ဆိုတာပါပဲ... ဘူဒီ လိမ်လည်ခဲ့တဲ့သူတွေဟာ အာလ်မာတစ်ဦးတည်းသာမက အများအပြားရှိကြောင်း သိလိုက်ရချိန်မှာတော့ အာလ်မာတစ်ယောက် လက်စားချေမယ့်အစီအစဉ်ကြီးကို စတင်ပါတော့တယ်.... အာလ်မာရဲ့အစီအစဉ်ကြီးကို အာယူ ၊ အူလီနဲ့ သာလီတာစတဲ့ နစ်နာသူတွေ လာရောက်ပူးပေါင်းကြပြီးတဲ့နောက် အာလ်မာရဲ့အစီအစဉ်ကြီးက အောင်မြင်ပါ့မလား.... ဘူဒီကရော ဘာအကြောင်းပြချက်တွေကြောင့် လိမ်လည်နေတာလဲ....... ဘယ်လိုအလှည့်အပြောင်းတွေ ကြုံတွေ့ကြရမလဲဆိုတာကို စိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့ အင်ဒိုကားလေးတစ်ကားဖြစ်တဲ့အတွက် ကြည့်ရှုခံစားကြဖို့ တင်ဆက်ပေးလိုက်ရပါတယ်ရှင် အင်ဒိုမင်းသား Yoshi Sudarso ၊ အင်ဒိုမင်းသမီးများဖြစ်တဲ့ Michelle Ziudith ၊ Niken Anjani ၊ Givina Lukita နှင့် Gisella Anastasia တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ File Size - 1.3 GB/ 495 MB Quality - NF WEB-DL 1080p/ 720p Duration - 1h 28m Format - mp4 Genre - Comedy, Romance Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း