King Kaew
၂၀၂၆ ခုနှစ် ဇန်နဝါရီလက ထိုင်းနိုင်ငံမှာ ရုံတင်ပြသခဲ့တဲ့ "กิ่งแก้ว" (Kingkaew) ရုပ်ရှင်ကားကတော့ ထိုင်းနိုင်ငံရဲ့သမိုင်းမှာ ဒုတိယမြောက် သေဒဏ်ပေးခြင်းခံခဲ့ရတဲ့ အမျိုးသမီးအကျဉ်းသား "ကင်ကဲယောက်"ရဲ့ ဖြစ်ရပ်မှန်အပေါ် အခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ် ၁၉၇၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အသက် ၆ နှစ်အရွယ် ကလေးတစ်ဦးကို ပြန်ပေးဆွဲပြီး လူသတ်ခဲ့တဲ့ တုန်လှုပ်ခြောက်ခြားဖွယ်ရာ အမှုတစ်ခုဖြစ်ပွားခဲ့ပါတယ် ကင်ကဲယောက်ဟာ သူချစ်ရတဲ့သူ "ဟင်းမ်"က သူ့ကို အသည်းခွဲခဲ့လို့ စိတ်ပိုင်းဆိုင်ရာ ခံစားနေရတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး အဲဒီအမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခံထားရပါတယ် ကင်ကဲယောက်က သူ မလုပ်ရကြောင်း အကြိမ်ကြိမ် ငြင်းဆိုခဲ့ပေမဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေကြောင့် တရားရုံးက သူ့ကို သေဒဏ် အမိန့်ချမှတ်ခဲ့ပါတယ် သူ့ကို ကွပ်မျက်တဲ့နေ့မှာ ပိုတုန်လှုပ်ဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါသေးတယ် သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ကွပ်မျက်ပြီးနောက်မှာ သေပြီအထင်နဲ့ ရင်ခွဲရုံကို ပိုဆောင်တဲ့အချိန် သူက မသေသေးဘဲ ရုန်းကန်ငိုယိုနေခဲ့လို့ ဒုတိယအကြိမ် ထပ်မံပစ်ခတ်ပြီးမှ သေဆုံးသွားခဲ့ရတာပါ သူ သေဆုံးသွားပြီးနောက်မှာတော့ အကျဉ်းထောင်အတွင်းနဲ့ အဲဒီအမှုမှာ ပတ်သက်ခဲ့သူတွေဆီမှာ ထိတ်လန့်စရာ ဝိညာဉ်ခြောက်လှန့်မှုတွေနဲ့ နာကျင်စွာ အော်ဟစ်ငိုကြွေးသံတွေ ဆက်တိုက်ထွက်ပေါ်လာပြီး မာယာထောင်ချောက်ကြီးတစ်ခုလို အသက်အန္တရာယ်ပြု ခြောက်လှန့်လာခဲ့ပါတော့တယ် သေဆုံးခြင်းနောက်ကွယ်က အမှန်တရားနဲ့ သေဆုံးပြီး တစ်ဖန်ပြန်လာတဲ့ ဝိဉာဥ်ရဲ့ အငြှိုးအာဃာတစိတ်တွေကြားမှာ ဘယ်လို တုန်လှုပ်ခြောက်ခြားရမလဲဆိုတာ.... ဇာတ်လမ်းတစ်လျှောက်လုံး အသက်ရှူဖို့တောင် မေ့သွားရလောက်အောင် ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ
ဇာတ်လမ်းအကြောင်း