ဇာတ်ကားများ ရွေးရန်

Round the Decay

2025ဇာတ်ကားအမှတ် 6.7/10105 မိနစ်

Round the Decay (2025) IMDb Rating (6.7) လွန်ခဲ့တဲ့ နှစ်နှစ်က လျှို့ဝှက်ဆန်းကြယ်စွာပျောက်ဆုံးသွားတဲ့ ခင်ပွန်းလောင်းဖြစ်သူကိစ္စကိုအဖြေရှာဖို့အတွက် ကန်ဇီဟာ Newport’s Valley ဆိုတဲ့တောင်ပေါ်ခရီးသွားမြို့လေးကိုပြန်ရောက်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ တောင်တက်သမား သူငယ်ချင်းတစ်စုဟာ တောင်ကုန်းတွေပေါ်က အဝင်အထွက်ပိတ်ထားတဲ့ဂူတစ်ခုထဲကို မတော်တဆရောက်ရှိသွားပြီးWrexsoul လို့ခေါ်တဲ့ အိပ်ပျော်နေတဲ့ လူသားစားမိစ္ဆာကြီးကို သွားပြီး နှိုးမိလိုက်ကြပါတယ်။ အဲ့ဒီမိစ္ဆာကြီးက လာရောက်လည်ပတ်သူတွေကိုရော မြို့ခံတွေကိုပါ မချန်တစ်ယောက်ပြီးတစ်ယောက် ဖမ်းဆီးစားသောက်လာချိန်မှာတော့ ဧည့်သည်တွေရော အိမ်ရှင်တွေပါ ပူးပေါင်းပြီး အသက်ရှင်သန်ရေး၊ ဒီသတ္တဝါကြီးကိုနှိမ်နင်းဖို့အရေးအတွက်နဲ့ပူးပေါင်းဆောင်ရွက်ရင်းနောက်ကွယ်က အကြောင်းရင်းတွေကို ဖော်ထုတ်ဖို့ပါ အသည်းအသန်တိုက်ပွဲဝင်ကြရပါတော့တယ်။ အင်ဒီရုပ်ရှင်တစ်ကားအနေနဲ့ မိစ္ဆာကိုပုံဖော်ထားပုံ၊ သွေးထွက်သံယို Practical effects တွေမှာတကယ်ပီပြင်ထိရောက်ပြီး ဇာတ်လမ်းဇာတ်အိမ်ရော မိစ္ဆာရဲ့နောက်ကြောင်းတွေကပါ ခိုင်မာသဘာ၀ကျပါတယ်။ဇာတ်ကောင်တွေများပြားလွန်းတာနဲ့အစပိုင်းဇာတ်ရှိန်အတက်နှေးတာတွေရှိပေမယ့် ဇာတ်လမ်းရုပ်လုံးပေါ်လာချိန်ကစပြီး တောက်လျှောက်ကြမ်းလို့ အချိန်ပေးရကျိုးနပ်မှာပါ။ File size… (1.2 GB) / (760 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Adeventure,Horror Duration…. 01:46:33 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း