ဇာတ်ကားများ ရွေးရန်

Torrente for President

2026ဇာတ်ကားအမှတ် 6.3/10103 မိနစ်

Torrente for President (2026) IMDb Rating (5.7) စပိန်ရုပ်ရှင်သမိုင်းမှာ ဝင်ငွေအကောင်းဆုံး 4 ကားမြောက်အဖြစ် အောင်မြင်ခဲ့တဲ့ စပိန်နိုင်ငံရေးဟာသ ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ လူမျိုးရေးခွဲခြားတတ်သူ၊ မိန်းမနှိမ်တတ်သူ၊ အကျင့်ပျက်ခြစားလှတဲ့ စပိန်ရဲဟောင်းကြီး ဂျပိုးတော်ရီတေးတစ်ယောက် အသက်ကြီးလာပေမဲ့ အကျင့်ဟောင်းတွေမပြင်ဘဲ ပိုမိုဆိုးသွမ်းလာပုံကနေ စတင်ထားပါတယ်။ ဒီတစ်ခါမှာတော့ တော်ရီတေးဟာ စပိန်နိုင်ငံရေးလောကထဲက ဝန်ကြီးချုပ်ရာထူး၊ အာဏာနဲ့ ငွေကြေးတွေဟာ မိမိအတွက် အဆင်ပြေပြီး ကြီးပွားချမ်းသာနိုင်မယ့် နေရာကြီးတစ်ခုဖြစ်ကြောင်း သဘောပေါက်သွားပါတော့တယ်။ သူဟာ ဆင်းရဲသားလူတန်းစားတွေနဲ့ အစွန်းရောက်အယူဝါဒတွေကို အသုံးချပြီး စပိန်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်လာဖို့အတွက် ကလိမ်ကကျစ် လှည့်ကွက်တွေ၊ ပါပီယာကြိုးကိုင်မှုတွေနဲ့ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်ပါတော့တယ်။ စပိန်နိုင်ငံရေးလောကရဲ့ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ အရှုပ်တော်ပုံတွေ၊ Stereotypesကို သရော်လှောင်ပြောင်တဲ့ပုံစံနဲ့ တော်ရီတေးတစ်ယောက် နိုင်ငံရေးဇာတ်ခုံပေါ်မှာ ဘယ်လိုမျိုး ကမောက်ကမတွေ လုပ်ပြီး ဗြာများဦးမလဲဆိုတာကို သရော်ထားတဲ့ဟာသရုပ်ရှင်ဖြစ်ပါတယ်။ File size… (1.9 GB) / (1 GB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy Duration…. 01:42:58 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း