ဇာတ်ကားများ ရွေးရန်

Savage House

2026ဇာတ်ကားအမှတ် 7.2/10114 မိနစ်

Savage House (2026) အရင်က ဆင်းရဲသားတစ်ဦးဖြစ်ခဲ့ဖူးတဲ့ "ချောင်စီ"ကတော့ ငွေပေးပြီး ဘွဲထူးဂုဏ်ထူးတွေကို ဝယ်ယူပြီး အထက်တန်းလွှာအသိုင်းအဝိုင်းထဲ ​ရောက်ရှိလာသူပါ အထက်တန်းလွှာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖိုအတွက် အထက်တန်းလွှာမျိုးရိုး​မြင့်ဖြစ်သူ လေဒီဆားဗေ့ချ်နဲ့ လက်ထပ်ခဲ့ပြီး ဆားဗေ့ချ်မျိုးရိုးနာမည်ကို ပြောင်းခဲ့ပါတယ် ​ဒါ​ပေမဲ့လည်း သူတိုရဲ့ အသုံးအဖြုန်းကြီးမှုကြောင့် အကြွေးတွေပိပြီး သူတိုပိုင်ဆိုင်တဲ့ အိမ်တော်ကြီးကလည်း စုတ်ပြတ်ပျက်စီးနေခဲ့ပါပြီ အဲဒီအချိန်မှာ အာဏာကြီးတဲ့ ​မြိုစားမင်းနဲ့ ​မြိုစားမင်းကတော်က သူတိုအိမ်ကို ညစာစားဖို လာရောက်လည်ပတ်မယ်လို အကြောင်းကြားလာတဲ့အခါမှာတော့ သူတို​တွေဟာ အခွင့်အရေးကို အမိအရဆုပ်ကိုင်ဖို ကြိုးစားပါတော့တယ် ​ဂုဏ်ပကာသန ပြချင်လွန်းတဲ့ ချောင်စီဆားဗေ့ချ်က ဟာ ရှိသမျှအမွေအနှစ် ပစ္စည်းတွေကို ရောင်းချတဲ့အပြင် အကြွေးအတင်ခံပြီး ညစာစားပွဲအတွက် ပြင်ဆင်ခဲ့ပါတယ် ဒါပေမယ့် အိမ်တော်ကြီးမှာ လျှိဝှက်ဖောက်ပြန်မှုတွေ အကြွေးပြဿနာတွေ အာဏာလိုချင်စိတ်နဲ့ လောဘတွေကြောင့် အရာအားလုံးက အရှုပ်အထွေးတွေအဖြစ် ပြောင်းလဲသွားပါတယ် ညစာစားပွဲမရောက်ခင် အိမ်တော်ကြီးထဲက အရှုပ်တွေကို ဖြေရှင်းနိုင်မလား... မြိုစားမင်းနဲ့မြိုစားမင်းကတော်အတွက် စီစဥ်ထားတဲ့ ညစာစားပွဲက ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကိုတော့... ၁၈ ရာစုအပြင်အဆင်ကို ခမ်းခမ်းနားနားရိုက်ကူးထားပြီး Dark Comedy ကြိုက်တဲ့သူတွေအတွက် လက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းလေးပါပဲ

ဇာတ်လမ်းအကြောင်း