ဇာတ်ကားများ ရွေးရန်

This Life of Mine (aka) Ma vie ma gueule

2024ဇာတ်ကားအမှတ် 5.5/1099 မိနစ်

This Life of Mine (2024) IMDb Rating (5.4) / Rotten Tomatoes (85%) ဒီဇာတ်ကားဟာ ပြင်သစ်ရုပ်ရှင်လောကရဲ့ အမျိုးသမီးဒါရိုက်တာ Sophie Fillières ရဲ့ နောက်ဆုံးလက်ရာ ဖြစ်ပြီး၊ သူမ ကွယ်လွန်ပြီးနောက်မှ ပရိသတ်ရှေ့မှောက် ရောက်ရှိလာခဲ့ပါတယ်။ သူမရဲ့ သားသမီးတွေက ဒီဇာတ်ကားကို အပြီးသတ် တည်းဖြတ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒါရိုက်တာရဲ့ ဘဝနောက်ဆုံးအချိန် ခံစားချက်တွေ နှောနေတဲ့ လေးနက်လှတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အတိတ်တုန်းက အမြဲတမ်း ဆွဲဆောင်မှုရှိပြီး စွဲမက်ဖွယ်ကောင်းခဲ့သလို သားသမီးတွေအပေါ်မှာလည်း ချစ်ခြင်းမေတ္တာအပြည့်နဲ့ နွေးထွေးတဲ့ မိခင်တစ်ဦးအဖြစ် ဖြတ်သန်းခဲ့တဲ့ ဘာဘီအမည်ရှိ အမျိုးသမီးကြီးအကြောင်း ဖြစ်ပါတယ်။ အချိန်တွေ ကုန်ဆုံးလို့ အသက် ၅၅ နှစ်အရွယ်ကို ရောက်ရှိလာတဲ့အခါမှာတော့ သူမရဲ့ ဘဝထဲကို စိန်ခေါ်မှုအသစ်တွေ၊ အထီးကျန်မှုတွေ တပြိုင်နက်တည်း ရောက်ရှိလာပါတော့တယ်။ သူမဟာ ခန္ဓာကိုယ် အိုမင်းရင့်ရော်လာမှု၊ မိသားစုထဲမှာ မိမိရဲ့ အရေးပါမှု လျော့နည်းလာမှုတွေကြောင့် "ငါဟာ ဘယ်သူလဲ" ဆိုတဲ့ မိမိကိုယ်ပိုင် ဖြစ်တည်မှု ပြဿနာတွေနဲ့လွန်ဆွဲရပါတော့တယ်။ ဒီလို စိတ်ဖိစီးမှုတွေကြားထဲမှာ ဘာဘီဟာ တဖြည်းဖြည်းနဲ့ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်တော့ဘဲ စိတ်ဓာတ်ကျခြင်းတွေ၊ စိတ်ဆတ်ပြီး ပေါက်ကွဲတတ်တွေနဲ့ နေ့စဉ်ဘဝရဲ့ ဖြေရှင်းလို့မရတဲ့ အဓိပ္ပာယ်မဲ့မှုတွေထဲကို တဖြည်းဖြည်း နစ်မြုပ်သွားပါတော့တယ်။ အသက်အရွယ်ရလာတဲ့ အမျိုးသမီးတစ်ဦးရဲ့ ရင်တွင်းခံစားချက်တွေကို ဟာသနှောပြီး တစ်ခန်းချင်းစီ ခွဲခြားရိုက်ပြထားပါတယ်။ File size… (1.6 GB) / (810 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama Duration…. 01:36:52 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း